ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် (၇၂)နှစ်မြောက်ဆရာတော် ဦးဥတ္တမနေ့ အခန်းအနားကို ၁၁.၉.၂၀၁၁ (တနင်္ဂင်္နွေနေ့) ညနေ(၅)နာရီခွဲမှ(၉)နာရီခွဲထိ Ikebukuro Kumi Center 4F ၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှ ဦးဆောင်ကျင်းပခဲ့သည်။
အခန်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်၊
နှင့် ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်မှ ဆောင်ရွက်ပြီး၊ အခန်းအနားမှူးအဖြစ် အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလှိုင်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ကိုမောင်မောင်မျိုးလှိုင်မှ ဆောင်ရွက်ခဲ့သည်။
အခန်းအနားကို ဆရာတော်ဦးဥတ္တမအား မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် (၁)မီနှစ်ခန့်ငြိမ်သက်
ဆုတောင်း မိတ္တာပို့ကာဖွင်လှစ်ခဲ့ပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)အဖွဲ့ဝင်များက လွမ်းသူပန်းခွေချခဲ့သည်။ ထို့နောက်သဘာပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်က အခန်းအနား အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) နာယက ဦးဇော်မင်းခိုင်မှ ဆရာတော်၏ နိုင်ငံရေးအမြင် ကြီးမားပုံကို ဂုဏ်ပြု ပြောကြားခဲ့သည်။
ကိုမင်းထက်ဇော်မှ ဆရာတော်သည် ကိုလိုခောတ်တွင် သာမန်ပုလိတ်ကို မြန်မာများက ဆရာလို့ခေါ်ဆို နေရစဉ်မှာ အင်္ဂလိပ် ဘုရင်ခံဂရက်ဒေါက်ကို ဂရက်ဒေါက် မင်းမြန်မာနိုင်ငံမှ ထွက်သွားဟု စာရေးသားကာ ပေးပို့လိုက်ခြင်းသည် မီးခဲပြာဖုံးဖြစ်နေသော မြန်မာလူမျိုးတို့ အမျိုးသားရေး စိတ်ဓါတ်ကို ထွန်းလင်းစေခဲ့သည်။ အန္ဒိယနိုင်ငံထက် နိုင်ငံရေး နိုးကြားမှု နှစ်များစွာ နောက်ကျနေသော မြန်မာနိုင်ငံသည် လွတ်လတ်ရေး ရသောအခါ အန္ဒိယထက်(၁)နှစ်ခန့်သာနောက်ကျပြီး လွတ်လပ်ရေး ရရှိခြင်းမှာ ဆရာတော်ဦးဥတ္တမ၏ အမျိုးသားရေး ဦးဆောင် လှုပ်ရှားမှုအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်မှ မိမိကိုယ်တိုင် ဆရာတော်အား ရေးသား ဂုဏ်ပြုထားသော အာရှနေဝန်းကဗျာကို ရွတ်ဖတ် ပူဇော်ခဲ့သည်။
ထိုနောက် ဂျပန်သတင်းစာဆရာကြီး Mr. Tanabe (ခ) ဆရာဦးရွှေဘ၊ မြန်မာအရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Burma Partmer Ship)တာဝန်ခံ ဒေါ်ခင်ဥမ္မာနှင့် ဂျပန်နိုင်ငံတွင် မြန်မာဒီမိုကရေစီအရေး လုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများက ဆရာတော်၏ မြန်မာလွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပုံများကို ဂုဏ်ပြု ပြောကြားကာ အခန်းအနားကို ညနေ(၉)နာရီခွဲတွင် ရှုပ်သိမ်းလိုက်သည်။ အခန်းအနားသို့ လူ(၈၀) ကျော်ခန့်တက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းမှတ်တမ်း ။ Kyaw Than Hlaing
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်