Tuesday, September 13, 2011

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများထံမှ ကြားရသော အသံများ.................


သို့ ... ဝန်ကြီး ဇော်မင်း ဧရာဝတီရှင်းတမ်း

(ဝန်ကြီး ဇော်မင်း)
 ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။

(မိုးသံလွင်)
ဟေ့ကောင် စောက်ရူး ဇော်မင်း၊
မင်းက ဘီလူးချောင်း၊ မြစ်ငယ်မြစ်နဲ့ ဧရာဝတီကို ယှဉ်ပြောရအောင် မြစ်တွေရဲ့ အရေးပါပုံကောတူလို့လားကွ။ စောက်ရူးရ။ ဧရာဝတီဆိုတာက.....
မြန်မာနိုင်ငံရဲ့ အရှည်ဆုံးမြစ်၊ အသက်သွေးကြော။ လူသန်းပေါင်းများစွာ မှီခိုနေရတာကွ။ မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေအားလုံးဟာ ဧရာဝတီမြစ်ပေါ်မှာရှိတယ်ကွ။ မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းကြီးကွ။ တစ်ခုတော့ရှိတယ် ဆည်ဆောက်လို့ ဘာတွေဆိုးကျိုးရလဲဆိုတာတော့ မင်းတို့ ပထွေးတရုတ်ကိုပဲသွားမေးကွာ။ ယန်စီမြစ်၊ မြစ်ဝါမြစ်တွေ ဘယ်လိုယိုယွင်းလာလဲဆိုတာ မင်းပထွေးတွေကပြောပြရင် မှတ်သားထားလိုက်။
        အခု လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးနေတာတောင် ရန်ကုန်နဲ့ မန်းလေးလိုမြို့ကြီးတွေမှာ အခုထိမီးက (၂၄)နာရီအပြည့်မဟုတ်သေးဘူး။ အခုထိမီးမမှန်သေးတဲ့ မြို့နယ်တွေရှိသေးတယ်။ မြန်မာပြည်မှာ ပြည်နယ်နဲ့ တိုင်း (၁၄)ခုရှိတယ်ကွ။ တစ်ပြည်လုံးမီးပေးနိုင်အောင် မင်းတို့ ခွေးသူတောင်းစားတွေ လုပ်ပေးပြီးပြီလား။ ပိုလျှံနေပါတယ်လို့ မရှက်မကြောက်ပြောရဲသေးတယ်နော်။
         မင်းတို့ မြစ်ဆုံဆည်က စစ်ကိုင်းပြတ်ရွေ့ကြီးနဲ့ နီးနီးလေး။ တကယ်လို့ ပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့ရင် ဆည်ကျိုးပြီး မြစ်အောက်က မြို့တွေအကုန်ရေအောက်ရောက်ကုန်မှာကွ။ စစ်ကိုင်းပြတ်ရွေ့ အထက်ပိုင်းမှာ RS 6 အထက်ငလျင်လှုပ်လို့ကတော့ မြစ်ကြီးနားမြို့က အရင်ဆုံးပျောက်သွားမှာကွ နားလည်လား။ ဒါ ဘီလူးချောင်းမဟုတ်ဘူး။
ဧရာဝတီ မြစ်ကွ။

(ဝန်ကြီး ဇော်မင်း)
ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။  အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။

(မိုးသံလွင်)
ဟေ့ကောင် စောက်ရူး ဇော်မင်း၊
မြန်မာပြည်သူ သန်း ၅၀ရဲ့ အကျိုးလို့ မင်းမို့ မရှက်မကြောက်ပြောရဲသေးတယ်။ မင်းအဖေ တရုတ်တွေရဲ့ အကျိုးကွ။ မင်းတို့ကို နိုင်ငံရေးအရ တရုတ်က အာဏာမြဲအောင် နိုင်ငံတစ်ကာဖိအားပေးမှု့ကနေ ကာကွယ်ပေးနေတယ်။ အဲဒီအတွက်မင်းတို့က နိုင်ငံရဲ့ သယံဇာတတွေကို တရုတ်လက်အပ်နေရတာလေကွာ။ ထွက်တဲ့ လျှပ်စစ်ပမာဏရဲ့ ၉၀% ကို မင်းတို့ အဖေတွေကိုပေးမှာလေ။ မင်းတို့ရတဲ့ တစ်နှစ် ဒေါ်လာသန်း ၅၀၀ ဆိုတာလဲ ပြည်သူတွေအတွက်မဟုတ်ဘူး။ မင်းတို့ အာဏာရှင်လူနည်းတစ်စုရဲ့လက်ထဲကိုပဲသွားတာကွ။ မင်းတို့အခုရောင်းနေတဲ့ ဂက်စ်တွေ၊ သစ်တွေ၊ ကျောက်မျက်ရတနာတွေ ကရတဲ့ ပိုက်ဆံတွေကို တိုင်းပြည်အတွက် ဘယ်နေရာမှာသုံးပြီးပြီလဲ။ မြန်မာပြည်သူတွေ အရင်အတိုင်းဆင်းရဲနေတုန်းပဲ။ ပညာရေး၊ ကျန်းမာရေး အစစအရာရာ နိမ့်ကျနေတုန်းပဲ။ အဲဒီ တိုင်းပြည်ဝင်ငွေတွေက မင်းတို့ အာဏာရှင် လူနည်းတစ်စု အိပ်ထဲပဲရောက်သွားတာလေကွာ။
                   မင်းရူးနေလား ... သူတောင်းစား ဇော်မင်း၊
၇% ပဲစီမံကိန်းအတွက်ရေယူပြီး၊ ကျန်တဲ့ ၉၃% ကိုနဂိုအတိုင်းစီးဆင်းစေမယ်ဆိုတာလေ။
 နွေရာသီရေနည်းချိန်မှာ ရေအားလျှပ်စစ်အတွက်လိုအပ်တဲ့ ရေထုထည် ဆည်ထဲမှာရှိဖို့ မင်းတို့ရေကိုပိုမယူတော့ဘူးလား။ နွေမှာ မြစ်ကြောင်းတစ်လျှောက် ရေတွေမခမ်းခြောက်တော့ဘူးလား။ မြစ်ထဲကရေးကြောင်းခရီးပို့ဆောင်ရေးတွေ ဒုကွရောက်ပြီပေါ့။ မိုးတွင်းဆည်ထဲမှာရေများတော့ကော ဆည်ထဲမှာလှောင်နိုင်တဲ့ ပမာဏထက်ပိုရင် ဆည်မကျိုးအောင်းမင်းတို့ ဖွင့်မချတော့ဘူးလား။ မြို့တွေရေလွှမ်းကုန်မှာပေါ့။ အနီးဆုံးမြို့က မြစ်ကြီးနားလေ။ လူပြိန်းစကားတွေကို ငါတို့ပြည်သူတွေကို လာမပြောနဲ့။

(ဝန်ကြီး ဇော်မင်း)
ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။

(မိုးသံလွင်)
ဒီဦးနှောက်နဲ့ ဘယ်လိုများ ဝန်ကြီးဖြစ်နေတာလဲကွာ။ အခုတောင် မဂ္ဂါဝပ် ၁၅၀၀ ကိုကုန်အောင်မသုံးနိုင်ဘူးဟုတ်လား။ မင်းအိမ်အပြင်ကိုပဲ မင်းထွက်ကြည့်လိုက်ဦး။ ဒီတိုင်းပြည်မှာ မင်းတို့ နေပြည်တော် (သို့) ခွေးပြည်တော် တင် မီးရနေရင်ပြီးရောလား။ တစ်တိုင်းပြည်လုံး တောရောမြို့ပါမကျန် မင်းတို့ လျှပ်စစ်မီးပေးနိုင်နေလို့လား။ စက်မှု့နိုင်ငံတော်တည်ထောင်မယ်လို့ မင်းတို့ပြောနေပြီး စက်မှု့ဇုံတွေကိုတောင် မင်းတို့မီးမှန်အောင်ပေးနိုင်လို့လား။ မင်းက  free power ၁၀% အလကားရတယ်လို့ ပြောထွက်နေသေးတယ်။ မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီကို မင်းတို့ အဖေလက်ထဲ ဝကွက်အပ်လိုက်ရတာကွ။ free မဟုတ်ဘူး။

(ဝန်ကြီး ဇော်မင်း)
ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊  ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။

(မိုးသံလွင်)
ရှက်ဖို့ကောင်းလိုက်တာကွာ။ ဝန်းကြီးဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်မယူရဲဘူးလား။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ဆိုတော့ မင်းယောင်္ကျားမဟုတ်လို့လား။ မင်းတို့လုပ်တာမှန်တယ်၊ တာဝန်ယူရဲတယ်ဆိုရင် မင်းနာမည်အရင်းနဲ့ရေးပေါ့ကွာ။ မင်းတို့လိုကောင်တွေ ဝန်ကြီးဖြစ်နေသရွေ့ တိုင်းပြည်ဘယ်လိုတိုးတက်မှာလဲ။ သူတောင်းစားရာ။

                 ကျွန်တော်ကတော့ ရိုးရိုးလေးပဲတွေးကြည့်မိပါတယ်။ အရှေ့တောင်အာရှမှာ ရေချိုတောင်မရှိတဲ့၊ ဘာမှစိုက်ပျိုးလို့မရတဲ့၊ ဘာသယံဇာတဆိုတာမှမရှိတဲ့ စင်္ကာပူလို ကျွန်းနိုင်ငံသေးသေးလေးက အချမ်းသာဆုံးဖြစ်နေပြီး၊ ရေနံနဲ့ဂက်စ်တွေလဲထွက်၊ အဖိုးတန်ကျောက်မျက်ရတာတွေလဲထွက်၊ အဖိုးတန် သတ္တုတွေလဲထွက်၊ ကျွန်းသစ်တွေလဲထွက်၊ အလွန်ရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းရှိပြီး ရေထွက်ပစ္စည်းတွေလဲထွက်၊ စိုက်ပျိုးထွန်ရက်ဖို့မြေကလဲ မြေဆီ မြေသြဇာဓါတ်အပြည့် နဲ့ မြန်မာပြည်က အဆင်းရဲဆုံးဖြစ်နေတာ ဘာကြောင့်များလဲလို့။
               အဖြေကတော့ရှင်းပါတယ် အုပ်ချုပ်တဲ့အစိုးရ၊ ဦးဆောင်တဲ့ခေါင်းဆောင်တွေရဲ့ အရည်အချင်းကတော်တော်ကိုကွာသွားလို့ပါ။
                  အခုလဲအစိုးရသစ်ဆိုပြီးနာမည်သာခံထားတယ်၊ ယူနီဖောင်းချွတ်၊ ပုဆိုးနဲ့တိုက်ပုံဝတ်လဲလိုက်တာပဲ ရှိပါတယ်။ လူတွေကလဲအတူတူ၊ မူတွေကလဲအတူတူပါပဲ။ ဒီ စစ်ခွေးတွေရဲ့ လက်ထဲမှာ တိုင်းပြည်ကတော့ နစ်ပြီးရင်နစ်နေတော့မှာပါပဲလေ။     ။

မိုးသံလွင်
12-Sep-2011

Boon Myo Myo
လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့
သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး
လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို
ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို
ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"ဟု ၎င်းက...
ဝန်ကြီးဇော်မင်း (က-မ-က-လ) ပြောတဲ့စကား....အမလေး...ကွန်တိန်နာနဲ့သာ တင်ရောင်းလို့ရရင် လျှပ်စစ်သာမက သမီးတောင်ရောင်းစားမယ့်ကောင်....။

ဒီမို ဖက်တီး.....ဘာစားပြီး ၀န်ကြီးလုပ်နေကြမှန်းကို နားမလည်နိုင်တော့ဘူး ... :))  
Ko Zaw ......ချီးစာတာမဟုတ်ဘူးဆိုတာသေချာတယ် လျှော့တွက်ရင်ခံရမယ်။
 Yannaing Thanpe....ဒို့နိုင်ငံမှာ အစိုးရ လုပ်ရတာ လွယ်ပါတယ်ကွာ..
စာတက်ဖို့ မလိုဘူး ၊ စစ်တိုက်တတ်ရင်ရတယ်..၊
ရန်ထောင်တတ်ရမယ်..
မရှက်မကြောက် ပြောတတ်ရမယ်
ငိုခြင်းချတတ်ရမယ်..
( အဟား .. )
ဒါဆိုရပြီဟေ့............... ။
Ma Nandar
ဒို့နိုင်ငံမှာ ပညာရေးဝန်ကြီးဖြစ်ချင်ရင် စာတတ်ပေတတ်မျိုးချစ်ပုဂ္ဂိုလ်တွေ ထောင်ထဲထည့်တဲ့နည်းတတ်ရမယ်။ စီးပွားရေးဝန်ကြီးက တိုင်းပြည်ကို ချွတ်ခြုံကျအောင် လုပ်နိုင်စွမ်းရှိရမယ်။ ကာကွယ်ရေးဝန်ကြီးက ရဟန်းရှင်လူပြည်သူတွေကို နည်းမျိုးစုံနဲ့ သတ်တတ်ရမယ်။ ပြန်ကြားရေးဝန်ကြီးက မရှက်မကြောက်နဲ့ကို ဗြောင်လိမ်တတ်ရမယ်။ လျှပ်စစ်ဝန်ကြီးကတော့ တတိုင်းပြည်လုံး တရုတ်လက်အောက်အမှောင်ထဲရောက်အောင် လုပ်တတ်ရမယ်။ အဲ...သမ္မတဖြစ်ချင်ရင်တော့ သရုပ်ဆောင်သင်တန်းဆင်းဖြစ်ဖို့လိုမယ်။
Aung Ye Wint .....မျက်နှာလွှဲခဲပစ်လုပ်တတ်ရမယ် ဘယ်သူသေသေ ငတေမာရင်ပြီးရော . . .
  
ပိုးပိုး ယု .....ဧရာဝတီမြစ်ဟာ မြန်မာပြည်သူပြည်သားတွေအားလုံးရဲ့  ဂုဏ်သိပ်ခါနဲ့ တူတူပဲ။တကယ်လို့  ဧရာဝတီကို မကာကွယ်ခဲ့ ဘူးဆိုရင် သင်ဟာ မြန်မာပြည်သူပြည်သား မစစ်မှန်သလို သင်ဟာ မြန်မာပြည်ကို ချစ်တဲ့ သူတစ်ယောက် လုံးဝမဟုတ်ဘူး။သင့်ရဲ့  ဂုဏ်သိပ်ခါကို သင်ကာကွယ်ရမယ်။သင့်ရဲ့  အသက်သွေးကြောကို သင်ကာကွယ်ရမယ်။သင်တကယ် မြန်မာပြည်ကိုချစ်တယ်ဆိုရင် ဧရာဝတီကို ကာကွယ်ချင်တဲ့  စိတ်ဓာတ် သင့်မှာ ရှိရမယ်။ဧရာဝတီကို သင်မကာကွယ်ဘူးဆိုရင် သင့်အိမ်က သင့်သမီးပျို မုဒိန်းကျင့်ခံလိုက်ရတာနဲ့ တူတူပဲ။မြန်မာပြည်ရဲ့ အရေးဟာ..ပြည်သူတွေ ဘယ်လောက် ကန့် ကွက် ကန့် ကွက် အာဏာက သူတို့ လက်ထဲမှာ ဆိုပြီး နောက်ဆုံး သူတို့ အာဏာကို အသုံးပြုပြီး ဖြစ်မြောက်အောင် ပီးဆုံးတဲ့ အထိလုပ်ဆောင်သွားတာပြည်သူတွေအားလုံးမျက်မြင်ပဲ။မတရားလည်းသူတို့ ကြ
ပီးမြောက်အောင်လုပ်သွားတာပဲ။အလံကိတ်စ..ရွေးကောက်ပွဲကိတ်စ..etc..အခုလည်း..ဧရာဝတီ
ကျမအမြင်တော့ မြန်မာလူမျိုးတွေ `ဇ`ရှိတယ်ဆိုတာ ဒီဧရာဝတီ မှာ သက်သေပြဖို့အချိန်တန်ပြီလို့ ကျမထင်တယ်။
အမေ့ သား...... ဒီမိုကရေစီလို.အော်နေကြပေမယ့် ပြည်သူလူထုကတောင်းဆိုနေတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို အကောင်အထည်ဖေါ်မယ်ပြောတာကတော့ ပြည်သူလူထုရဲ. စကားကို လက်ခံစဉ်းစားမပေးဘဲ လုပ်ချင်တာလုပ်မယ် ဆိုတဲ့ သဘောဆိုတော့ ပြည်သူတွေ အနေနဲ.လည်း ဆက်လက်ပိုပြီး ကြိုးစားဖို.အတွက်လည်း တိုက်တွန်းပါတယ် . .. အားလုံးပူးပေါင်းပါဝင်ရင် အောင်မြင်မယ်လို.ယုံကြည်ပါတယ်
Khayan Young .....တရုတ်က မြန်မာပြည်ရဲ့ အကြီးမားဆုံးသော ရန်သူပဲ...မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူဟာ..ကြောက်စရာအကောင်းဆုံးပဲ...... မြန်မာပြည်ကထွက်သမျှဒင်းတို့ ပဲ ခွယူနေ ကြတာ....ဒီေ၇ကာတာကိစ္စ ကတော့...တော်တော်ဆိုးပါတယ်.. ရန်ကုန်မြို့ ထက်ကြီးပြီး..၄၉ တိုက်အမြင့်လောက်ရှိတဲံ့ ဟာကြီး သာ ပြို ကျခဲ့မယ်ဆိုရင်.... စစ်ဖြစ်တိုင်း ဒါကြီးချိန်ပြီး ခြိမ်းခြောက်ခဲ့မယ်ဆိုရင်.... ပေးဆပ်ရမယ့်တန်ဖိုးက..... တရုတ်တရုတ်...နာမည်နဲ့လိုက်အောင် ကိုရုတ်တယ်...သူတို့နိုင်ငံထဲမှာ ရေကာတာတွေခဏခဏ ပြိုကျနေလို့ သိသိချည်းနဲ့ တို့နိုင်ငံ ကိုဒုက္ခလာပေးတယ်....သေချာတွက်ချက်ပြီး လုပ်လဲ အကြောင်းကြောင်းကြောင့် ပြိုမှာကျိန်းသေပဲ... ခံရမှာက မြန်မာတွေပဲ ဆိုတော့ ခွေးမသားတရုတ်က ဒါကိုပဲလုပ်ချင်နေတာ...သူတို့နိုင်ထဲမြစ်တွေအများကြီးရှိတာ..သွားလုပ်ပါလား..ငါရိုးမတရုတ်....ချီးစား ဘိန်းစား...ခွေးသူတောင်းစား တရုတ်..ကမ္ဘာမှာ စောက်ကျင့်လိုက်ရုတ်နေတာ..တောင်တရုတ်ပင်လယ်လဲ သူတို့ပဲ မောင်ပိုင်စီးချင်တယ်..သူတော်ကောင်းယောင်ဆောင်ပြီး.....
MoetheeZun...သီတင်းကျွတ်မှာ ကျေးဇူးရှင်ဧရာဝတီမြစ်ကြီးကိုပူဇော်ကြမယ်။ဆီင်္းမီးတွေမျှောမယ်။
ပန်းတွေမျှောမယ်။ သံဃာတွေကိုဆွမ်းတွေကပ်မယ်။ပရိတ်တွေကိုရွတ်ကြမယ်။ ဧရာဝတီမြစ်ရိုးတလျောက် မြို့  တိုင်းရွာတိုင်းက လူတိုင်း ထွက်ပြီး ပူဇော်ပွဲကိုဆင်နွဲကြမယ်။ သူငယ်ချင်းတွေကို စတင်လှုံ့ ဆော်ကြပါစို့ ။
Ah Bayah
ဂျာနယ်တွေထဲမှာ အန်တီစု ဆောင်းပါးနဲ့ ဓါတ်ပုံတွေ ဖေါ်ပြခွင့်ရလို့လည်း သာယာမနေနဲ့ ။ အောင်ကြည် နဲ့ တွေ့နေပါတယ်ဆိုတိုင်းလည်း ယုံမနေနဲ့ ။ ကားစုတ်တွေအတွက် ကားသစ်တွေပါမစ်ချပေးမယ်ဆိုလို့လည်း ပျော်မနေနဲ့ ။ ... အာရုံပြောင်း ၊ မေ့အောင်လုပ်ပြီး ၊ လုပ်ချင်တာ လုပ်နိုင်ဖို့ ဉာဏ်များ လှည့်စားနေတာ ။ ဘာတွေပဲ လုပ်ပြနေနေ (ဧရာဝတီ) အရေးကို သတိလစ်မသွားကြစေနဲ့ ။ ဆက်ပြီး တိုက်ပွဲဝင်ဖို့ အားထည့်ထားကြမှဖြစ်မယ် ။
Myint Myint Khin Pe
ဆည်ကထွက်တဲ့ အကျိုးစီးပွါးကို တရုတ်က ရမယ်။ အဆိုးစီးပွါးကို မြန်မာပြည်သူတွေက ရမယ်။ မျှတပါရဲ့လား။
အော်...အပြောင်းအလဲလေးတွေတော့..တဖြေးဖြေးချင်း ဖြစ်ထွန်းလာပါလိမ့်မယ်လို့ ယုံကြည်ကိုးစားလိုက်မိတဲ့ မျှော်လင့်ချက်ကလေးကတော့ နဂိုမူလ သုံညဒီဂရီ သို့ပြန်လည်လျှောကျသွားပါကြောင်းမိုင်းနပ်စ်ဘက်တောင် ကူးချင်နေပြီ။း(
မြန်မာလူမျိုးမှဟုတ်ပါရဲ့လားကွယ်။ ကျမတို့ ကျမတို့ရဲ့ ဘိုးဘွားအမွေအနှစ်ကို ဒီလိုဘဲ လက်ပိုက်ကြည့်နေပြီး လက်လွှတ်လိုက်ကြရတော့မှာလား။ နောင်လာနောက်သားတွေအတွက် ဘာမှမချန်ခဲ့ ကြတော့ဘူးလားဟင်။
Aung Myin Oo
မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer) လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို ဒီဆည် ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ ရမှာက နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ၊ ဦးဇော်မင်း ပြောသလို အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ 
အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ခင်ဗျား.....

ဝန်ကြီးမင်းဟာ ၂၀၀၅ ခုနှစ်ခန့်မှာ လက်ရှိ ဌာနရဲ့ ၀န်ကြီးအဖြစ် စတင်တာဝန်ထမ်းရွက်ခဲ့တယ်လို့ မှတ်သားထားမိပါတယ်။ အကယ်လို့များ ထိုဌာနတွင် လူကြီးမင်း စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ခုနှစ်ကို အမှတ်မှားခဲ့ရင်လည်း ခွင့်လွှတ်ပါခင်ဗျား။

တာဝန်ထမ်းဆောင်ချိန် ၆နှစ်အကြာမှာ လူကြီးမင်းဟာ ” မန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး” ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရှင်းလင်း ပြောဆိုခဲ့သည်ဟု Weekly Eleven ဂျာနယ်တွင် ဖတ်ရှု မှတ်သားရပါသဖြင့် လူကြီးမင်း၏ အရည်အချင်းအား လေးစားမိပါသည်။

လူကြီးမင်းတို့၏ ဌာနမှ ကျင်းပပေးသော အလုပ်ရုံဆွေးနွေးပွဲသို့ လူကိုယ်တိုင် တက်ရောက်ရန် အခြေအနေ မပေးပါသောကြောင့် ယခုလို အင်တာနက် စာမျက်နှာပေါ်မှတဆင့် အိပ်ဖွင့်ပေးစာဖြင့် မရှင်းလင်းသည်များကို ဆွေးနွေးဖြေကြားပေးပါရန် ပန်ကြားရသည်ကိုလည်း နားလည်စွာဖြင့် ဖြေကြား ရှင်းလင်းပေးမည်ဟု ယုံကြည်ပါသည်။

မြစ်ဆုံဆည် တည်ဆောက်ခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို လေ့လာရာမှာ ဆည်ရေလှောင် ဧရိယာအတွင်းမှာ မည်မျှ ပျက်စီးထိခိုက်နိုင်သလဲ ဆိုသည့် အချက်ကိုသာ လေ့လာခဲ့ခြင်းဖြစ်တယ်လို့ အကြမ်းဖြင့် သိထားပါသည်။ မြစ်ဆုံဆည်၏ အကျိုးသက်ရောက်မှုဟာ ဧရာဝတီမြစ် တလျောက်လုံးမှာ ဖြစ်ပေါ်လာမှာ ဖြစ်တဲ့အတွက် ဆိုးကျိုး ကောင်းကျိုးများကို မည်သည့် အဖွဲ့အစည်းမှ မည်မျှအချိန်ပေးပြီး လေ့လာခဲ့ကြောင်း သိချင်ပါသည်။

အနီးဆုံး ဥပမာတခုဖြင့် နှိုင်းယှဉ်ရမယ်ဆိုရင်ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်နှောင်းပိုင်းတွင် အာရှဖွံ့ဖြိုးမှုဘဏ်၏ ချေးငွေဖြင့် တည်ဆောက်ရန် ဆည်တော်ကြီး စီမံကိန်းအား ၁၀ နှစ်ခန့် အချိန်ယူ လေ့လာပြီးမှ ပုံစံထုတ်ကာ တည်ဆောက်ခဲ့ပါသည်။ ထိုစီမံကိန်း၏ အကျိုးကျေးဇူးကြောင့် မန္တလေး မြို့ မြောက်ဖက်ရှိ မတ္တရာမြို့နယ်တခုလုံး နွေရာသီတွင် ဆည်ရေသောက် စပါးစိုက်ခင်းများဖြင့် ယနေ့ထက်တိုင် ဖွံ့ဖြိုးစည်ပင်နေသည်ကို တွေ့နိုင်ပါသည်။

မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အချိန်တိုလေ့လာမှုများဖြင့်သာ ဆုံးဖြတ် အကောင်အထည်ဖော်ခြင်းသည် ဆန္ဒစောရာကျလွန်းသဖြင့် မခန့်မှန်းနိုင်သော ဆိုးကျိုးများကို မြစ်တကြောရှိ ပြည်သူများ ခံစားရမည်ကို စိုးရိမ်မိပါသည်။

မြစ်ဆုံဆည်မှ ဧရာဝတီမြစ်အပေါ် ပေးသော အဓိက အပြောင်းအလဲမှာ နှစ်ပတ်လည် မြစ်ရေစီးပမာဏ ပုံစံ (Annual River Flow Patterns) ဖြစ်ပါတယ်။ ထိုပမာဏ အပြောင်းအလဲကြောင့် မြစ်တခု၏ မူလ သဘောတရားဖြစ်သော တိုက်စားခြင်းနှင့် ပို့ချခြင်း လုပ်ငန်းများကို တိုက်ရိုက် အကျိုးသက်ရောက်စေပါသည်။

လူတို့၏ ပြုပြင်ပြောင်းလဲ ထိန်းချုပ်ထားမှုကို ခံရသည့် ဧရာဝတီသည် ဆောင်းနဲ့ နွေရာသီများတွင် ယခင်နှစ်များကဲ့သို့ မြစ်အတွင်း စီးဆင်းနေသည့် ရေပမာဏ လျော့နည်းသွားမှာ မဟုတ်တော့ပါ။ ထိုသို့ ဆောင်းနဲ့နွေတွင် သဘာဝအတိုင်း ရေလျော့နည်းစွာ စီးဆင်းမှုမျိုး မရှိတော့သည့်အတွက် မည်သည့် ဆိုးကျိုး ကောင်းကျိုးများကို မြစ်ကြောတလျောက် ခံစားရမည်နည်းဆိုသည်ကို ပညာရှင်များ၏ ပြည့်စုံစွာသုံးသပ်မှုကို သိချင်ပါသည်။

အကြမ်းဖျင်း ကောင်းကျိုးတခုအနေနှင့် မြစ်ဆုံဆည်ကြီး စတင်အသက်ဝင် လည်ပတ်သည့် နွေရာသီမှ စတင်ကာ ဗန်းမော်မြို့သို့ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပါလိမ့်မည်။ ဆောင်းနှောင်းပိုင်းမှာ ဧရာဝတီမြစ်ရေ နည်းသွားသဖြင့် ရေစူးတိမ်ကာ ရေကြောင်းကုန်စည်ပို့ဆောင်ရေး ခက်ခဲသွားခြင်းဆိုတဲ့ အကြပ်အတည်းကို မြစ်ဆုံဆည်မှ လွှတ်ချပေးနေတဲ့ ရေပမာဏက ဖြေရှင်းပေးပါလိမ့်မည်။

ဆိုးကျိုးတခုကတော့ ဧရာဝတီ မြစ်ရေကျချိန်မှာ ပေါ်လာနေကျ သဲနှုန်းမြေနုကျွန်းတွေဟာ မြစ်ရေ မကျခြင်းကြောင့် ပေါ်မလာနိုင်တော့ပါဘူး။ ဒီလို မြေနုကျွန်းတွေ မထွန်းကားတဲ့အခါ မြစ်ကြော တလျှောက်မှ ကိုင်းကျွန်းများကို မှီခိုအသက်မွေးကြတဲ့ နိုင်ငံသားတွေ အခက်အခဲ တွေ့ကြပါလိမ့်မည်။

မြစ်ဆုံ ရေအားလျှပ်စစ် စက်ရုံမှ တာဘိုင်များ ရပ်ဆိုင်းခြင်း၊ လည်ပတ်ခြင်းတို့ကြောင့် မြစ်ရေ အနိမ့်အမြင့် ရုပ်တရက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အခါ ဆိုးကျိုးများကို ဧရာဝတီမြစ်တလျောက်က ပြည်သူတို့သာ ခံစားရမှာဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်အတွင်းက မန္တလေး ဂေါဝိန်ဆိပ်၏ တာဘောင်အပေါ် ထိ ရောက်လာအောင် တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေဟာ မြစ်ဆုံဆည်ကြီးက လွှတ်ချလိုက်တဲ့ ရေတွေ ရောက်လာချိန်နဲ့သာ အနာဂါတ်မှာ တိုက်ဆိုင်ခဲ့ရင် ဧရာဝတီဟာ ဈေးချိုအထိ ရောက်လာပါလိမ့်မည်။

ဝန်ကြီးမင်းခင်ဗျား၊ မြစ်ဆုံစီမံကိန်းအတွက် တရုပ် ကုမ္ပဏီမှ ပုံစံထုတ်ရေးဆွဲရာတွင် အဓိကကျသော မြစ်ရေစီးဆိုင်ရာ အချက်အလက် (Hydrology data) များအား ကိန်းဂဏန်းများ ပိုမိုထည့်သွင်းကာ မှားယွင်းစွာ တွက်ချက်ခဲ့ကြောင်း လူကြီးမင်းတို့၏ ရေအားလျှပ်စစ် Design ဌာနခွဲ၊ အငြိမ်းစား ဆည်မြောင်း ၀န်ထမ်းများဖြင့် ဖွဲစည်းထားသော ပြည်တွင်း အကြံပေး ကုမ္ပဏီတခုနှင့် လူကြီးမင်းတို့၏ နိုင်ငံခြား အတိုင်ပင်ခံ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Colenco AG. အဖွဲ့တို့မှ တညီတညွတ်ထဲ ထောက်ပြထားခဲ့သော်လည်း တရုပ် ကုမ္ပဏီမှ ပြင်ဆင်ပြောင်းလဲ တွက်ချက်မှု မရှိခဲ့ကြောင်း သိရပါသည်။

ထိုသို့ မှားယွင်းစွာ အခြေခံထားသော အချက်များကို မူတည်ပြီး တပ်ဆင်သင့်သည့် အရွယ်အစားထက် ပိုမိုကြီးမားသော ရေအားလျှပ်စစ် တာဘိုင်များကို သုံးစွဲ တပ်ဆင်ရန် ကြံစည်ထားခြင်းမှာ စီမံကိန်း၏ ကုန်ကျစရိတ်ကို မြင့်တက်စေရုံသာမက ကျင့်ဝတ်အရပါ ရိုးသားမှု မရှိဟု ယုံကြည်ပါသဖြင့် ထိုကိစ္စအား လူကြီးမင်းမှ မည်သို့ ကိုင်တွယ် ဆုံးဖြတ်ထားကြောင်း သိလိုပါသည်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား အနှစ် ၆၀ တိတိ ထိန်းချုပ် စီမံခန့်ခွဲခွင့်ကို တရုပ်နိုင်ငံပိုင် ကုမ္ပဏီသို့ အပ်နှင်းရန် လူကြီးမင်းတို့မှ သဘောတူ စာချုပ်ချုပ်ထားသည်ဟု ရေအားလျှပ်စစ် ဌာနမှ အရာရှိတချို့ထံမှ သိရှိရပါသည်။ မြစ်ဆုံစီမံကိန်းဟာ စတင်လည်ပတ်ပြီး နှစ်ပေါင်း ဘယ်လောက် အကြာမှာ မြန်မာပြည်အစိုးရရဲ့ စီမံခန့်ခွဲမှုအတွင်း အပြည့်အ၀ ရောက်လာပါမလဲဆိုတာ သိချင်ပါသည်။

ဘရာဇီးနိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် Siemens တာဘိုင်များကို တရုပ် ကုမ္ပဏီမှ စီမံခန့်ခွဲ တပ်ဆင်သွားသော ရဲရွာ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံသည် ဆည်အတွင်းမှာ ရေအပြည့်ရှိနေသော်လည်း တပ်ဆင်မှု အရည်အသွေး နိမ့်ကျခြင်းကြောင့် စက်စွမ်းအားပြည့် မလည်ပတ်နိုင်ဖြစ်ကာ ဆည်ရေကို အလဟသ ဖောက်ချထားနေရတာ ၀န်ကြီးမင်း သိရှိပြီး ဖြစ်မယ်လို့ ယုံကြည်ပါသည်။

ထိုသို့ နည်းပညာနှင့် ကျင့်ဝတ်အရ ယုံကြည်စိတ်ချရန် ခက်ခဲသော တရုပ်နိုင်ငံမှ ကုမ္ပဏီအဖွဲ့အစည်းများထံမှ နှစ်ပေါင်း ၆၀ အကြာမှ ပြန်လည် လက်ခံရရှိမည့် အစားထိုးမရနိုင်သော ပြည်ထောင်စု အရင်းအမြစ် တခုကို မည်သည့် အကြောင်းကြောင့် နှစ်ဦးနှစ်ဖက် ညီမျှသော အကျိုးအမြတ်ဖြင့် ခွဲဝေရန်ပင် မဆုံးဖြတ်ပဲ ထွက်လာမည့် လျှပ်စစ်၏ ၁၀ ရာခိုင်နှုန်း၊ အမြတ်၏ ၃၀ ရာခိုင်နှုန်းနှင့် အခွန်အကောက်တို့ဖြင့်သာ ၀န်ကြီးမင်းမှ မြန်မာပြည်ကိုယ်စား ကျေနပ်ခဲ့ရပါသလဲ သိချင်ပါသည်။

မြန်မာပြည်၏ မြောက်ဖက်ဖျားမှနေကာ ဧရာဝတီမြစ် တကြောလုံးရှိ မြန်မာပြည်သူပြည်သားတို့၏ အသက်အိုးအိမ်ကို ခြိမ်းခြောက်ဖျက်စီးပစ်နိုင်သော စီမံကိန်းကြီးတခုအား တိုင်းတပါးလက်သို့ နှစ်ပေါင်းများစွာ ပေးအပ်လိုက်သော လူကြီးမင်းတို့၏ ဆုံးဖြတ်ချက်သည် လူကြီးမင်းတို့ ကြွေးကြော်ခဲ့သော စီးပွားရေး ဦးတည်ချက်များမှ “နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး” ဟူသော အချက်ကို မည်သို့ အထောက်အကူ ဖြစ်ပါသလဲဆိုတာကိုလည်း သိချင်ပါသည်။

ဝန်ကြီးမင်း ခင်ဗျား၊ မြစ်ဆုံစီမံကိန်းမှ ရရှိလာမည့် အကျိုးကျေးဇူးအပေါ်မှာ သူတ၀က် ကိုယ်တ၀က် ခွဲဝေ ယူရမည်ဆိုလျှင်ပင် တရုပ်ပြည်သူ့သမ္မတနိုင်ငံမှ ရင်းနှီးမှုဟာ ပမာဏ များပြားသော ငွေကြေးသာ ဖြစ်ပြီး ရရှိမယ့် အကျိုးအမြတ်ကတော့ ကြီးမားသော စီမံကိန်းကြီးအား တရုပ်နိုင်ငံသားတွေမှ အကောင်အထည်ဖော်ခွင့်၊ စီမံခန့်ခွဲမှုနဲ့ နည်းပညာ အတွေ့အကြုံများ အပါအ၀င် စီမံကိန်းပြီးစီးပါက ရရှိလာမည့် လျှပ်စစ်ဓါတ်အားများ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ရင်းနှီးမြုတ်နှံမှုကတော့ ဧရာဝတီမြစ်တကြောလုံးမှာ ပြောင်းလဲသွားမယ့် ခန့်မှန်းရန် ခက်ခဲသော အပြောင်းအလဲများ၏ ကောင်းခြင်းဆိုးခြင်း အကျိုးသက်ရောက်မှုအားလုံးကို နှစ်ပေါင်းများစွာ ခါးစည်းခံရမှာ ဖြစ်ပါသည်။ ရရှိလာမည့် အကျိုးအမြတ်ကတော့ လျှပ်စစ်ဓါတ်အား အနည်းငယ်နဲ့ (မြစ်ဆုံစီမံကိန်းမှ မြန်မာပြည်အတွက် ရလာမည့် လျှပ်စစ်ဓါတ်အားခွဲတမ်းမှာ ရဲရွာ စီမံကိန်းမှ ထုတ်လုပ်ပေးနေသော ပမာဏခန့် ဖြစ်သည်) ပြည်သူနှင့် ဧရာဝတီအတွက် ဘယ်နေရာမှာ ပြန်လည်သုံးစွဲပေးမည်ဟု မသိနိုင်သော အစိုးရဘတ်ဂျက်ထဲကို ၀င်သွားမည့် နိုင်ငံခြားငွေသန်း တချို့ဖြစ်ပါတယ်။

ဝန်ကြီးမင်း ရှင်းလင်းခဲ့သော အချက်များအရ မြစ်ဆုံ စီမံကိန်းအတွက် မြန်မာပြည်ဖက်မှ ပေးဆပ်ရသော အရာများနှင့် ပြန်လည်ရရှိမည့် အကျိုးအမြတ်တို့မှာ မထိုက်တန်ပါဟု လေးနက်စွာ ယုံကြည်ပါသည်။

မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အကျိုးရှိပါသည်ဟု မယုံကြည်သော နိုင်ငံသား တဦး
၁၂ စက်တင်ဘာလ ၂၀၁၁

အများကြီးရှိပါသေးသည်။ ဆက်လက်ဖေါ်ပြနိုင်ရန် ကြိုးစားပါဦးမည်။

1 comment:

  1. ရန်နိုင် သန်းဖေSeptember 18, 2011 at 1:40 AM

    ဒီမိုကရေစိ အစိုး၇ဆိုတာဟာ ကိုယ်လုပ်ချင်တာကို ( အစိုးရ ) စိတ်တိုင်းကျ လုပ်ခွင့် မရှိဘူးကွာ ၊ နားမလည်ဘူးလာ ဦးဇော်မင်း လွှတ်တော် ဆိုတာ ရှိတယ် လွှတ်တော်ကို တင်ပြရတယ် လွှတ်တော်က အတည်ပြုမှာသာလျှင် နိုင်င့တော် စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ရတယ်ဟ ၊ အဲဒီလောက်တောင် နားမလည်ပဲနဲ့ ခင်ဗျားကို ၀န်ကြီးခန့်ထားတဲ့ အစိုးရ အဖွဲ့ရဲ့ အရည် အချင်း ဘယ်လောက်ရှိတယ် ဆိုတာ လူတိုင်းနားလည်တယ် ၊ နောက်ပြီး ခင်ဗျား ပြောခဲ့တဲ့ စာကားကို ခင်ဗျားတာဝန်ယူရမယ်နော် ( ဘာတဲ့ ) ဘယ်လို တားဆီးမှုမျိုးတွေ ရှိနေပါစေ မြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မယ်ဆိုတဲ့ စာကားကိုပေါ့နော့.. ခင်ဗျားက စစ်သားကောင်းလို့ခံ ယူရင် စစ်သားကောင်း တယောက်ရဲ့ ကျင့်ဝတ်နဲ့ အညီ တာဝန်သိမှု ၊ တာဝန်ယူမှု ၊ တာဝန်ရှိမှုတွေ့ရဲ့ ဆိုးမွေ ၊ ကောင်းမွေကိုလည်း ကျေကျေ နပ်နပ် ခံယူတက်ရတယ်ဗျာ့..။ အမှန် အတိုင်းပြောရင် ခင်ဗျား နှုတ်ထွက်ပြီး အိမ်မှာပဲ နားနား နေနေ နေလိုက်ပါတော့...။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....