Monday, May 23, 2011

ဒေါ်အောင်ဆန်းစုကြည်၏(၆၆)နှစ်မြောက်မွေးနေ့အထိမ်းအမှတ့်အရှေ့ဂျပန်ငလျင်၊ ဆူနာမိဘေးဒဏ်သင့်ဒေသသို့ သွားရောက်၍ကုသိုလ်ကောင်းမှုဒါနပြုကြမည်

၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ဆိုတာ ကမ္ဘာ့ပြက္ခဒိန် ရက်ပေါင်းများစွာထဲက  မထူး ခြားတဲ့ သာမန် နေ့ရက်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ကလေးမှာ   ဒီကမ္ဘာကြီးထဲမှာ အဖြစ် အပျက် ပေါင်းများစွာ ဖြစ်ပျက်၊ ပြီးဆုံး သွားခဲ့တြယ်။ ဒီနေ့လေးထဲမှာ လူသားတွေ မွေးဖွါးခဲ့ကြတယ်။ လူသားတွေ သေဆုံးသွားခဲ့ကြတယ်။ ဒါပေမဲ့ နောင်အချိန် ကာလတခုကို ဖြတ်သန်း လာပြီးတဲ့အချိန်မှာ ဒီနေ့လေးဟာ သမိုင်းတခု ဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ တို့နိုင်ငံသားတွေရဲ့ အလင်းရောင် ဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ ဒို့နိုင်ငံသားတွေရဲ့ အင်အားတွေ ဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ ဒို့နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေဖြစ်သွားခဲ့တယ်။ ဒီနေ့လေးဟာ ဒို့နိုင်ငံသားတွေရဲ့ ယုံကြည်ချက်တွေ ဖြစ်လာခဲ့ရတယ်။

ဒါကြောင့်မို့ ဒီနေ့ဟာ ဒို့နိုင်ငံတခုထဲမဟုတ်တဲ့ ဒို့ကမ္ဘာတခုလုံးအတွက် သမိုင်းတခု ဖြစ်လာပါတယ်၊ ဒီနေ့ဟာ ဇွန်လ(၁၉)ရက်နေ့ ပဲဖြစ်တယ်၊ ဒီနေ့မှာ မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့က သူမကို မွေးဖွါးသန့်စင် ခဲ့ပါတယ်၊
သူမဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။


မြန်မာ့ အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး  နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
(၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်

မြန်မာနိုင်ငံသားများမှ မြန်မာ့ယဉ်ကျေးမှု  ထုံတမ်း အစဉ်အလာနဲ့အညီ ကုသိုလ်ကောင်းမှု ဒါနပြုကြမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ တတိယအကြိမ် အစားအသောက် ချက်ပြုတ် ကြွေးမွေးခြင်းနှင့် လုပ်အားပေးအလှူ ခရီးထွက်ခွာမည် ဖြစ်ပါတယ်။

(၁) လိုက်ပါလိုသူများ ဆက်သွယ် စာရင်း ပေးသွင်းကြပါရန် ဖိတ်ခေါ်ပါတယ်၊ မိမိစားရိတ်ဖြင့် လိုက်ပါ လုပ်အားပေး ရမည်ဖြစ်ပြီး ယန်း ၁၀၀၀၀ ထည့်ဝင်ရမည် ဖြစ်ပါတယ်။ လိုက်ပါလိုသုများ သတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်၍ စာရင်း ပေးသွင်းရမည် ဖြစ်ပါတယ်။

(၂) အလှူ ၀ထ္တုပစ္စည်း ပါဝင်လှူဒန်းလိုသုများ ဆက်သွယ်နိုင်ပါတယ်။

အစီအစဉ် ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့(စနေနေ့) ည ၇ နာရီတွင် တိုကျိုမှ စတင်ထွက်ခွါပါမည်၊ ဇွန်လ ၁၉ ရက်(တနင်္ဂနွေနေ့) မနက်တွင် သတ်မှတ်နေရာသို့ ရောက်ရှိမည် ဖြစ်ပါသည်။ယင်းနေ့ တနေ့လုံး အစားအသောက် ချက်ပြုတ်ကြွေးမွေးခြင်းနှင့် သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်မည် ဖြစ်ပါသည်။ ယင်းနေ့ ညနေတွင် ပြန်လည် ထွက်ခွါမည် ဖြစ်ပြီး တိုကျိုမြို့သို့ ယင်းနေ့ (၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ည ၁၁ နာရီခန့်တွင် ပြန်ရောက်ရှိမည် ဖြစ်ပါသည်။ လုပ်အားပေး သွားရောက်မည့် နေရာမှာ မိယာဂိခရိုင် အိရှိနိုမခိမြို့ (Miyagi ken, Ishinomaki ) ၀န်းကျင်ြဖစ်၍  အတိအကျ ထပ်မံ ကြေငြာမည် ဖြစ်ပါသည၊်

စုံစမ်းမေးမြန်းရန်နှင့် ဆက်သွယ်စာရင်းပေးရန်၊
(၁) ဦးသန်းဆွေ ( ၀၉၀ ၄၉၆၄ ၉၇၁၈)
(၂) ဦးသောင်းမြင့်ဦး(၀၉၀ ၆၀၄၀ ၈၂၈၂ )
(၃) ဦးကျော်ကျော်စိုး(၀၉၀ ၆၀၃၁ ၄၃၉၄ )
(၄) ဦးမိုင်ကျော်ဦး(၀၉၀ ၉၈၃၁ ၇၁၉၂ )
(၅) ဦးမြင့်ဆွေ  (၀၈၀ ၄၀၀၅ ၇၀၉၈ )
(၆) ဦးရဲငြိမ်း (၀၈၀ ၅၀၇၀ ၀၀၈၀ )
(၇) ပတ္တြမားစားသောက်ဆိုင် (၀၃ ၃၂၀၄ ၅၁၂၁ )

1 comment:

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....