Saturday, February 19, 2011

နိုင်ငံသားအဖြစ်ရယူရေး -မယူရေး(၃) (အိုးဝေအောင်)

အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသား လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"

*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)

"ဟေ့- မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တနေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသား လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"
*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)

အဲဒီ ထင်ရှားကျော်ကြားလှတဲ့ စကားကို အရင်က အဲသလောက် စိတ်မ၀င်စားဘူး။အခု သိပ်စိတ်ဝင်စားတယ်။
အရမ်းစိတ်ဝင်စားတယ်။
ရှာပြီး ပြန်ဖတ်ကြည့်တယ်။ကြိုက်လို့ တဆင့်ကူးယူလာခဲ့တယ်။
ဘာဖြစ်လို့လဲ။ မနေ့က သင်တန်းအပြီးမှာ ဆရာမက မေးတယ်။
”မစ္စတာ အောင်..နိုင်ငံသားဖြေဖို့ ဘယ်လိုဆုံးဖြတ်ပြီးပြီလဲ..”တဲ့။
ကျနော်က မေးခွန်းထပ်မေးပြီး အဖြေပေးဖြစ်တယ်။
” ဆရာမ...တချို့ နိုင်ငံသားဖြစ်ပြီးတဲ့ မြန်မာ မိတ်ဆွေတွေက ပြောတယ်။တဆင့်စကား တဆင့်ကြားရတာလဲ ရှိတယ်။ဘာပြောကြလဲ ဆိုတော့ --အမေရိကမှာ အမေရိကန် နိုင်ငံသား ဖြစ်ပြီးပေမယ့် မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်စရာ မလိုဘူး။နှစ်နိုင်ငံသား အဖြစ်ကို ခံယူပြီး နေလို့ရကြတယ်။အဲဒါ ဟုတ်ပါသလားဆရာမ...”။
ဆရာမ အဖြေက သိပ်ကို ကျစ်လစ်တယ်။လိုရင်း တိုရှင်း အဖြေ။
"Mr.Aung...no longer than burmese citizen."တဲ့။
...ဒါပေမယ့် ...ဆရာမက လျှောက်ဖို့ တိုက်တွန်းတဲ့ ဘက်က တာဝန်ရှိတဲ့ ဆရာမ မဟုတ်လား။
"but you should be apply U.S citizen,because if you are the U.S citizen ,you can go out of country,every where when U.S goverment behind of you,.."
ဆရာမ အဖြေက ရှင်းသလို ကျနော် ဘာကြောင့် အမေရိကန်နိုင်ငံသား မလျှောက်ဖြစ်သေးတာ ဆိုတာကို ဆရာမကို ပြန်ရှင်းပြဖြစ်ခဲ့ပါတယ်။
'ကျနော်အပါအ၀င် တချို့တွေဟာ အဲဒီ မြန်မာနိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်ရမှာ မကြိုက်လို့ 'ဆိုတာကို ရှင်းပြဖြစ်တဲ့အခါမှာလဲ ဆရာမ သဘောပေါက်သွားခဲ့ပါတယ်။
”အင်းလေ..ဟုတ်မှာပါ -တချို့က အဲဒါကြောင့် မလျှောက်ကြတာပါ။ငါ နားလည်ပါတယ်။
”this is the United States,we are freedom ...' တဲ့။ 'ဒါလည်း အမေရိကရဲ့ လွတ်လပ်ခွင့်ပဲလေ..'တဲ့။
ဒါပေမယ့် ...ဆရာမက လျှောက်ဖို့ တိုက်တွန်းတဲ့ ဘက်က တာဝန်ရှိတဲ့ ဆရာမ မဟုတ်လား။ ဆက် ရှင်းပြပါတယ်။
”မင်းလျှောက်ချင်လည်း မင်းလျှောက်လို့ရပါတယ်။မင်းနိုင်ငံ တချိန်မှာ ပြောင်းလဲလာရင် အမေရိကန်နိုင်ငံသား အဖြစ်ကို စွန့်လွှတ်လို့ရတာပဲ။ အခု အမေရိကန်နိုင်ငံသား ဖြစ်တာနဲ့ မင်းရရှိမယ့် မဟာ အခွင့်အရေးကြီးက သိပ်ကို ကြီးမြတ်ပါတယ်။အဲဒါ ဘာလဲ သိလား။ မင်းဟာ အမေရိကန်နိုင်ငံသား ဖြစ်ပြီဆိုတာနဲ့ မင်းဘယ်နိုင်ငံကို သွားသွား -လွယ်ကူစွာ သွားလာလို့ရသလို မင်းတခုခုဖြစ်ရင် မင်းနောက်မှာ အမေရိကန်အစိုးရ အမြဲရှိနေတယ်ဆိုတာ မင်းဘယ်တော့မှ မမေ့ပါနဲ့။အနီးဆုံးဥပမာ ငါပြမယ်။အခု အီဂျစ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တယ်။အီဂျစ်မှာ ရှိနေတဲ့ အမေရိကန်နိုင်ငံသားမှန်သမျှ တယောက်မကျန် ပြန်စုပြီး အကုန်လုံခြုံအောင် စောင့်ေ၇ှာက်တယ်။။အဲဒါ ကြီးစွာသော မဟာအခွင့်အရေးကြီးပဲ..”တဲ့။
ဆရာမ ပြောတာကို သဘောပေါက်ခဲ့ပါတယ်။thats great! လို့ ပြောကာ ဆရာမကို နှုတ်ဆက်ရင်း ကျနော် သင်တန်းမှ အိမ်သို့ပြန်ခဲ့ပါတယ်။
ကျနော့် စိတ်ထဲမှာတော့ ဆရာမကို ပြန်ပြောနေမိပါတယ်။
”ဆရာမရေ..ဆရာမ ပြောပြတာတွေ သဘောပေါက်ပါတယ်။ကြီးမြတ်သော မဟာအခွင့်အရေးကြီးတွေ ရမယ်ဆိုတာလည်း ယုံကြည်ပါတယ်။သဘောကျ နှစ်သက်ပါတယ်။ဒါပေမယ့် ဆရာမရယ်..ကျနော့စိတ်ထဲမှာက မြန်မာနိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်ရမှာ တခုတည်းကို တွန့်ဆုတ်နေလို့ ကျန်တာတွေ ရမှာ သိလျက် ကျနော် မရယူချင်ဘူး ဆရာမ။အခြေအနေတခုကြောင့်သာ မြန်မာနိုင်ငံသား အဖြစ်ကဝေးနေပေမယ့် ကျနော်ဟာ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးလာတဲ့ မြန်မာနိုင်ငံသားဆိုတဲ့ အဖြစ်ကိုပဲ နှစ်သက်နေဆဲမို့ပါ။
အမေရိကန်နိုင်ငံသားဖြစ်ရင် ဘယ်နိုင်ငံမဆို စိတ်ချလုံခြုံစွာ သွားလာလို့ ရတယ်ဆိုတဲ့ မဟာ အခွင့်အရေး တစုံတရာအတွက်နဲ့
နိုင်ငံခြားသားလုပ်ဖို့ စိတ်မကူးဖြစ်သေးလို့ပါ..ဆရာမ...” လို့ ကျနော် အတွေးထဲမှာ ပြောနေမိပါတယ်။
ကျနော့်အတွေးကို ထပ်ဆင့်အရောင်တင်ပေးသူကတော့ ဆရာကြီး ဦးသန့်ပါ။ဆရာကြီးကို မမြင်ဖူးပါဘူး။ဆရာကြီးရဲ့နိုင်ငံ့ဂုဏ်ဆောင် သမိုင်းကြောင်းတွေရယ်။သမိုင်းဝင် ဦးသန့်အရေးအခင်းကြီး ဆိုတာရယ် --လေးစားမြတ်နိုးတန်ဖိုးထားနေခဲ့သူ တယောက်ရယ်ပါ။ဆရာကြီးရဲ့ အဖိုးတန် စကားစုကို ယူသုံးခွင့်ပြုတာကိုလည်း ဆရာကြီးကို ကျေးဇူးတင်လျှက် ပူဇော်ထိုက်သူကို ပူဇော် ကန်တော့လိုက်ပါတယ်။
အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသား လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။" *(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)
"ဟေ့- မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တနေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစုံတရာကြောင့် နိုင်ငံခြားသား လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။"
*(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်- ဦးသန့်)
-----------------------------------------------
ကျနော့ရဲ့ အမေရိကန် နိုင်ငံသား မလျှောက်သေးတဲ့ အတွေးအခေါ်ပေါ်မှာ တူသူရှိသလို မတူသူလည်း ရှိနိုင်ပါတယ်။တွဲသူရှိသလို ကွဲသူလည်းရှိမှာပါ။ဒါမှလည်း သဘာဝကျမှာပါ။လောကသဘာဝ အရ တူရင်တွဲ-မတူရင် ကွဲခြင်းဟာ သင့်မြတ်လှပါတယ်။
ဘယ်သူတွေက ကျနော့ကို မုန်းနိုင်သလဲ ဆိုတော့ အနေကြာလို့ နိုင်ငံသားဖြစ်ပြီးကြတဲ့ ကိုကို မမ-ညီ ညီမ -တူ တူမတွေပါ။
ဒါလည်း အမေရိကရဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်မို့ လွတ်လပ်စွာ မုန်းနိုင်ပါတယ်။ကွဲလွဲနိုင်ပါတယ်။ဖြစ်လာနိုင်တာတခုက မုန်းတီးစိတ်နဲ့
ကျနော့်နဲ့တူသူတွေကို အပုတ်ချ တိုက်ခိုက်လာနိုင်ပါတယ်။
”ဒီကောင်တွေ နဂိုတည်းက ပြစ်မှုတွေရှိနေလို့ လျှောက်လို့ မရလို့ မလျှောက်တာကို အသားလွတ် ပနာယူကာ လေကြွားထုတ်နေကြတယ်..ဆိုတာမျိုးတွေပါ။”
(တခြားလူတွေတော့ ဘာဖြစ်ခဲ့တယ် မသိပါဘူး။ကျနော့် ကိုယ်ကျနော် ယုံကြည်တယ်။အမေရိကမှာ ဘာရာဇ၀တ်မှုမှ မရှိခဲ့ဘူး။အချိန်မရွေး ဆိုရှယ်နံပါတ်ကို နှိပ်ပြီး အပြစ်ရှာကြည့်နိုင်တယ်။၅နှစ်ကျော်သက်တမ်းမှာ ဘာပြစ်မှူမှ မရှိခဲ့ပါ။)
နောက်တခု--
ပြည်တွင်းက မုန်းတဲ့သူတချို့ကလည်း ဟာသ လုပ်နိုင်တာတခုက -”ဟေ့--မြန်မာနိုင်ငံသားမှန်ရင် စစ်မှူထမ်းရမယ်ဆိုလို့ ငါတို့က
မြန်မာပြည်ကနေ ထွက်ချင်နေတာ-မင်းဒီလောက် မြန်မာနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ချင်ရင် ငါတို့နဲ့နေရာလဲကွာ” ဆိုတာမျိုးပါ။
ကျနော့်သဘောထားနဲ့ ဘယ်သူတွေက တူမလဲဆိုတော့ ကျနော့လို နိုင်ငံသား မလျှောက်ရသေးတဲ့ သူများ-မလျှောက်သင့်ဘူးလို့ထင်သူများ-ဂရင်းကဒ်လေးနဲ့ဘဲ နေမယ့်သူများ-အဓိကအားဖြင့် မြန်မာနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ချင်သူများ ကျနော်နဲ့ သဘောထား တူနိုင်ပါတယ်။
နှစ်မပြည့်သေးလို့ လျှောက်ဖို့ မလျှောက်ဖို့ ဇဝေဇ၀ါနဲ့ မသေချာသေးတဲ့ အမေရိကရောက် မြန်မာနိုင်ငံသား(burmese)များ အနေနဲ့ ဒီပို့စ်ကို ဖတ်ပြီး တစုံတဘက်ကို ရပ်တည်ဆုံးဖြတ်နိုင်မယ့် လမ်းစတွေ့မယ် ဆိုရင် ရေးတင်ရကျိုး-အချိန်ကုန်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။
အမေရိကမှာ ဆယ်နှစ်တခါ သန်းခေါင်စာရင်း ကောက်ကြတဲ့အခါ 2010 sencus မှာ ကျနော်တို့ မြန်မာဇာတိနွယ်တိုင်း ဖြည့်ခဲ့တာက
(burmese) မြန်မာနိုင်ငံသား ဆိုတာလည်း မမေ့ကြဘူး ဆိုရင်တော့ ကျနော့ အတွေးအခေါ်နဲ့ရပ်တည်ချက်ဟာ ရှေးရိုးဆန်တာ မဟုတ်ဘူး။ကွန်ဆာဗေးတစ် ဖြစ်တာ မဟုတ်ဘူး။ဖောက်ပြန်တဲ့အတွေးအခေါ်နဲ့ရပ်တည်ချက် လုံးဝ မဟုတ်ဘူး။အချောင်သမားဝါဒီ မဟုတ်ဘူး။ရသာရင် ဘနဖူး သိုက်တူးမယ့် လူစားမျိုး မဟုတ်ဘူး..ဆိုတာ မြင်နိုင်ကြရင် ကျေနပ်ပါပြီ။
(တခြားအခွင့်အရေးတွေအပြင် စိတ်ကူးနဲ့ ကြည်နူးကြည့်ခဲ့ဖူးတဲ့ အခွင့်အရေးတခု လက်လွှတ်ရမှာကိုလည်း စကားချပ်အဖြစ် ဖြည့်စွက်ချင်ပါတယ်။)တခြား မဟုတ်ပါဘူး။
ကျနော် အမေရိကမှာ နေတာ ၅နှစ်ပြည့်တော့ ဆရာမတို့အိုင်အာစီရုံးက တယောက်ကို မေးကြည့်ဖူးပါတယ်။
“အသက်ကြီးနေပြီဖြစ်တဲ့ မိဘနှစ်ပါးကို မသေခင် အလည်ခေါ် ပြုစုချင်တယ်..ဘယ်လိုနည်းနဲ့ ခေါ်လို့ရမလဲ..”ဆိုတော့ -
ရုံးက ရှင်းပြတာက - ” နိုင်ငံသား မဖြစ်သေးရင် ခေါ်ဖို့ မလွယ်ပါ။နိုင်ငံသား ဖြစ်ပြီးမှ ခေါ်ဖို့ လွယ်ပါတယ် ” လို့ အဖြေပေးခဲ့ဖူးပါတယ်။
မိဘတွေကို သွားမတွေ့နိုင်လို့ ခေါ်တွေ့ဖို့ အရေး စိတ်ကူးနဲ့ကြည်နူးကာ” နိုင်ငံသား ဖြစ်အောင်လုပ်မယ် ” ဆိုတဲ့ စိတ်ကူးတွေ ယဉ်ခဲ့ဖူးပါတယ်။
မိဘတွေကိုလည်း ဖုန်းနဲ့တိုင်ပင်ခဲ့ဖူးပါတယ်။
နောက်ပိုင်းမတော့ ..” အမိနိုင်ငံသားအဖြစ်က စွန့်လွှတ်မှ အမေရိကန်နိုင်ငံသား ဖြစ်နိုင်မယ် ” ဆိုတဲ့ အသိစိတ်ကြီးက -မိမိရဲ့ မဟာ့မဟာ စိတ်ကူးယဉ် အခွင့်ထူးကြီးကို မျက်စိမှိတ်ကာ စွန့်လိုက်မိပါတယ်။
” အဖေနဲ့အမေ --အသက်ရှည်ဦးမယ်ဆိုရင်-သားတို့ မြန်မာပြည်မှာ ပြန်ဆုံပါဦးမယ်။အမိနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ချင်သေးတဲ့ သားဆိုးကို အကြိမ်ကြိမ် ခွင့်လွှတ်ပါဦးလေ။”
(အိုးဝေအောင်)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....