၂၀၁၁ ဖေဖေါ်ဝါရီလ (၁၈)ရက်။
ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော်(၃၄)ဦး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)နှင့် ဂျပန်နိုင်ငံရောက် ကရင်လူမျိုးများတို့မှ ဦးစီး၍ တိုကျို Shibuya, UN ရုံးရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်အစိုးရ၏ ခိုင်းစေချက်ဖြင့် အိန္ဒိယ ထောက်လှမ်းရေး အရာရှိတဦး၏ လှည့်ဖြား အပြောကို ယုံကြည်ခဲ့သည့် ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ NUPA နှင့် ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များဖြစ်သည့် ရခိုင်နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယစစ်တပ်က အိန္ဒိယရေပိုင်နက် အန်ဒမန်-နီကိုးဘားကျွန်းစု လန်းဖောကျွန်း၌ ဖမ်းဆီးခဲ့ရာ ၁၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။
ရခိုင်နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးအပေါ် စွဲချက် တင်ထားသည့် အမှုများအားလုံးမှာလည်း၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ နေ့ မှာ ကတည်းက ပယ်ဖျက်ပြီး ဖြစ်သော်လည်း အခုထိ ကိုးလ်ကတ္တား အကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်း ခံနေကြရဆဲဖြစ်ကြောင်း တော်လှန်ရေးသမား ၃၄ ဦးကို အမြန်ဆုံး လွှတ်ပေးရန်နှင့် တာဝန်အရှိဆုံး အိန္ဒိယ အစိုးရအနေဖြစ် အိန္ဒိယတွင် နေထိုင်ခွင့်ပေးရန်နှင့် UNHCR အနေဖြင့် တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ပေးရန် စသည့် တိုက်တွန်း တောင်းဆိုသည့် စာကို တိုကျိုမြို့ရှိ UN ရုံးတာဝန်ခံ မှတဆင့် UNHCR တာဝန်ရှိသူများထံတို့ ပေးပို့ခဲ့ပါသည်။
တောင်းဆို ဆန္ဒပြသည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှစုစုပေါင်း (၁၀၀)ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum



No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်