Tuesday, December 14, 2010

ဒုတိယ ပင်လုံညီလာခံနှင့် Communication Message ပြသာနာကြောင့် Political ShocK, နိုင်ငံရေးကြောင်အမ်းအမ်း ဖြစ်ခြင်း။

Udp Myanmar on Monday, December 13, 2010 at 11:35pm

ဒုတိယပင်လုံညီလာခံအတွက် အကြီးအမားဆုံ အခက်အခဲကတော့ နားလည်မှု လွဲမှားနေခြင်း ဖြစ်တယ်လို. ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ ဒုတိယ ပင်လုံညီလာခံလို. ဇိုမီပါတီနှင့် တချို.၀ါရင့် နိုင်ငံရေးသမားတွေက ခေါ်ဆိုနေပြီး ဒေါ်စုကတော့ ၂၁ရာစု ပင်လုံညီလာခံလို. ခေါ်တာ ပိုသဘောကျပုံရပါသည်။

တကယ်တော့ နားလည်မှု လွဲမှားခြင်းမဟုတ်ပါ။ ပထမ စပြီး ပွဲထွက်လိုက်ကတည်းက ရှင်းရှင်းလင်းလင်း တိတိကျကျ မရှိတာရယ် နောက် စနစ်တကျ ပြင်ဆင်မှု မလုပ်ပဲ ဗြုံးတိုင်းဖြင့် တာထွက်လိုက်တာရယ် နောက် အချိန်ကာလာရယ် Timing မကိုက်တာရယ် စပြီး ဦးဆောင်မှု ယူဖို. တိုင်ပင်ခေါ်လိုက်တဲ့အဖွဲ.အစည်းတွေကြောင့် လူတွေ ခေါင်းရှုပ် စိတ်ရှုပ်ပြီး မေးခွန်းတွေ ထုတ်ကြရ စိုးရိမ် ထိပ်လန်. ဖြစ်ကြရတယ်လို. ထင်မိပါသည်။ ဒါကြောင့် ဖြစ်ပါ့မလားဆိုတာ စဉ်းစားကြတာပါ။

ပင်လုံညီလာခံလို. ပြောလိုက်တာနဲ. လူတွေရဲ့ စိတ်ထဲမှာ ဒိုင်းနဲ. မြင်လိုက် သိလိုက် တွေးလိုက်တာက ဗမာလူမျိုးခေါင်းဆောင်တွေရယ်၊တိုင်းရင်းသား ခေါင်းဆောင်တွေရယ် ညီလာခံခေါ် ဆွေးနွေးတိုင်ပင်ပြီး စာချုပ်တွေ သဘောတူညီချက်တွေ လက်မှတ်ထိုးပြီး နောင်အနာဂတ် ပြည်ထောင်စုအတွက် မူတွေ ချမှတ်ကြတော့မယ်လို. ချက်ခြင်း ထင်ကြတာ ဖြစ်ပါသည်။ ဒါကလဲ လူတွေရဲ့ အမှား မဟုတ်ပါ။ ပင်လုံ ဆိုတာ
ဒီအတိုင်း ဖြစ်ခဲ့တာမို. ပင်လုံညီလာခံလို. ခေါ်လိုက်တာနဲ. အနာဂတ် မြန်မာနိုင်ငံရဲ့ ကကြမ္မာအတွက် လမ်းစဉ်တွေ မူတွေ သဘောတူညီချက်တွေ အပေးအယူတွေ လုပ်တဲ့ အစည်းအဝေးပွဲလို. တန်းပြီး မြင်ကြ နားလည် ကြတာ ဖြစ်ပါသည်။

ဒါကြောင့် နားလည်မှု လွဲတာ မဟုတ်ပဲ နားလည်မှုတွေ လွဲမှားသွားစေအောင် လုပ်လိုက်သလိုဖြစ်ပြီး လူတွေက စိုးရိမ်တာ ကြောက်တာဖြစ်ပါ့မလား ဒီအချိန်မှာ လုပ်လို.ရပါ့မလား အစိုးရက ခွင့်ပြုပါ့မလား အစိုးရ မပါပဲ ဇွတ်လုပ်ရင် ထိပ်တိုက် ရင်ဆိုင်မှုတွေ အားပြိုင်မှုတွေဖြစ်ကုန်ရင် ဖမ်းတာ ဆီးတာတွေနဲ. ပိုပြီး ရှုပ်ကုန်တယ်။ နောက် ဒီလိုဖြစ်အောင် ဘယ်သူက တာဝန်ယူမှာလဲ ဘယ်သူက ဦးဆောင်ပြီး လုပ်မှာလဲ။ ဒီကနေ ရလာတဲ့ သဘောတူညီချက်တွေကို ဘယ်သူတွေက တာဝန်ခံမှာလဲ စတဲ့ စတဲ့ မေးခွန်းတွေ ဆက်တက် ပေါ်ထွက်လာပြီး သွားပြီး ပတ်သက်ရင် ပြသာနာတွေ တက်ကုန်မလား ရှုပ်ကုန်မလားဆိုတဲ့ စဉ်းစားချက်တွေ ဖြစ်ကုန်ရတာပါ။

ဒါကြောင့် နားလည်မှု လွဲမှားတာ မဟုတ်ပဲ။ အချိန်ယူ စနစ်တကျပြင်ဆင်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် အစ တည်းက အစီအစဉ်တွေ မလုပ်ပဲ လူထုကြားထဲကို ပင်လုံညီလာခံဆိုတဲ့ စကားလုံးကို ရုတ်တရက် ထည့်လိုက်တဲ့အတွက် Political Shock ဖြစ်တာလို. ယူဆပါသည်။

အခုအချိန်အထိ ဒုတိယ ပင်လုံညီလာခံဆိုတာ ညီလာခံခေါ်ပြီး အစည်းအဝေး လုပ်ပြီး တိုင်းရင်းသား ကိစ္စတွေကို ဆွေးနွေး တိုင်ပင်ဖို. ပြောဆိုတာလား မဟုတ်ရင်လဲ ပြည်တောင်စု စိတ်ဓာတ်တွေ ရှင်သန်ဖို. လူထု ပညာပေးရေး Public Education လုပ်ဖို. အတွက် ဆိုလိုတာလား မကွဲပြားသေးပါ။ ဖြေတဲ့ဟာတွေကလဲ အဓိပါယ်အမျိုးမျိုး ဖြစ်နေပါသည်။ တချို.နေရာမှာ ပင်လုံညီလာခံ အစည်းအဝေး လုပ်ပြီး ဆွေးနွေး တိုင်ပင်ဖို. သဘော ပြောနေပါသည်။ တခါတလေမှာတော့ ညီလာခံ ခေါ်ယူရေးက အဓိက မဟုတ်ဖူး ပင်လုံ စိတ်ဓာတ်ရှိဖို. ပင်လုံစိတ်ဓာတ် ရှင်သန်ဖို.က အရေးကြီးတယ်လို. ပြောပြန်ပါသည်။ တချိန်တည်းမှာ လူတွေ အများစု ပါနိုင်အောင် ခေတ်ပေါ် IT နည်းပညာတွေ သုံးပြီး ညီလာခံ မတက်ရောက်နိုင်တဲ့သူတွေကို ကွန်ပြူတာတွေကတဆင့် IT နည်းပညာကို သုံး Network ကွန်ရက်သုံးပြီး လုပ်လို.ရတာမို. ၂၁ ရာစု ပင်လုံညီလာခံလို ခေါ်တာ ဖြစ်တယ်လို Tactic ကိုပါ ချပြထားပါတယ်။ စသဖြင့် စသဖြင့် ရှင်းပြချက်တွေ ပြောနေတာတွေကိုက အဓိပါယ်အမျိုးမျိုး ဖြစ်နေတော့ လူတွေ နားရှုပ်တာ မျက်စိလည်တာ စိုးရိမ်ကြောက်ကြတာ မဆန်းပါ။
ပင်လုံစိတ်ဓာတ်ရှိဖို. ရှင်သန်ဖို. အရေးကြီးတယ် ဖယ်ဒရယ်ဆိုတာ ခွဲထွက်တာမဟုတ်ဖူး တန်းတူညီမျှမှုဖြစ်တယ်လို. လူတွေ သိလာအောင် ပညာပေး လုပ်ငန်းတွေ လုပ်ရမယ်လို. ရှင်းရှင်း လင်းလင်း ပြောရင်လဲ လူတွေက ဒီလောက် စိုး၇ိမ်စိတ် ကြောက်လန်. စိတ် ဖြစ်မှာ မဟုတ်ပါ။ မဟုတ်ရင်လဲ အမျိုးသား ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားတွေအကြား တွေ.ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် ပင်လုံညီလာခံလိုမျိုး ညီလာခံတခု ပေါ်ပေါက်လာဖို. လိုတယ်။ ဒီအတွက် သက်ဆိုင်ရာ အစိုးရက ကျင်းပပေးဖို. ကျန်တဲ့ တိုင်းရင်း အဖွဲ.တွေကလဲ ၀ိုင်းဝန်လုပ်ဖို.။ စတဲ့ Groundwork တွေ ပြင်ဆင်ပြီး သင့်တော်သည့် အချိန် တခုမှာ အားလုံး ပါဝင်နိုင်တဲ့ လက်ခံနိုင်တဲ့ပြင်ဆင် ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့အချိန်တခုခုမှာ အစိုးရရော စစ်တပ်ရော ဒီမိုကရေစီအင်အားစုတွေရော ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ.တွေရော လက်နက် ကိုင်သူ မကိုင်သူ တရားဝင် ပါတီ တရားမ၀င်တော့တဲ့ပါတွေ စတဲ့ လူတွေ အားလုံး ပါဝင်နိုင်တဲ့ အနေအထားတခုကို ဖန်တီးပြီး ပင်လုံညီလာခံမျိုး တခု ခေါ်ယူသင့်ပြီး အတူတူ ကျိုးစားသွားရအောင် ဆိုတာမျိုး ပြင်ဆင်မှုတွေ ဆွေးနွေးမှုတွေ လုပ်ပြီးမှ လူထုကို ထုတ်ဖော် ပြောဆိုရင် လူတွေမှာ ပင်လုံညီလာခံနဲ. ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာဖို. နည်းပါမည်။ အခုဟာက ဟုန်းဒိုင်းဆီုပြီး ကြေညာချက် ထုတ်လိုက်တော့ နိုင်ငံရေး တပ်လှန်.သလို ဖြစ်သလို ဒေါ်စုက လွန်ခဲ့တဲ့ အနှစ် ၂၀ က ပြောခဲ့ပါတယ် အခုမှ ပြောတာမဟုတ်ပါဘူးလို. ၀ါရင့်နိုင်ငံရေးသမားတဦးက ရှင်းပြပေမယ့်လဲ အဲဒီ လွန်ခဲ့တဲ့ အနှစ် ၂၀ နဲ. အခု အချိန် ကြားကာလမှ ဘာမှ ပြင်ဆင်မှု ပြောဆိုမှု မလုပ်ခဲ့ မရှိခဲ့တော့ ဘယ်လို လုပ်ပြီး လူတွေအနေဖြင့် ဆက်စပ်နိုင်မလဲ။

ပင်လုံညီလာခံမျိဲး ကျင်းပဖို. လိုအပ်တာကို မြန်မာပြည်သား အများစုက မူအရ လက်ခံကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသား အဖွဲ.အစည်းတွေဆို ထောက်ခံကြ လိုလား ကျပေမယ့် အခု ဒေါ်စုတို. ပြောနေတဲ့ ပင်လုံညီလာခံနှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ.တွေက အားတက်သဘော ထောက်ခံတာ လက်တွေ. ကျကျ ပူးပေါင်း ပါဝင်တာ မရှိသလို တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်နေတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ အရွေးခံထားရတဲ့ တကယ့် တိုင်းရင်းသား ပြည်သူ လွတ်တော်အမတ်တွေကလဲ လိုလိုလားလားနဲ. ပါဝင်လာခြင်း ထောက်ခံလာခြင်း မရှိသေးပါ။
ဒါဟာ ပင်လုံညီလာခံ ခေါ်ယူရေးမူကို မထောက်ခံလို. မဟုတ်ပဲ ဘယ်လို လုပ်မယ် ဘာတွေ လုပ်မယ် ဘယ်တော့ လုပ်မယ် ဘယ်သူတွေက ဦးဆောင်မယ် စတဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ မရှိသေး တိတိကျကျ မသိသေးတဲ့အခါ သူတို.အနေဖြင့် ဟုန်းဒိုင်းအနေဖြင့် ၀င်မလာရဲ ခြေကျွံလက်ကျွ့တာမျိုး အဖြစ်မခံရဲတော့ ပါဝင်လာဖို. ခက်နေပါတယ်။ အရင်တုန်းကတော့လုပ်ဖို. မကျိုးစားပဲ ဘာကြောင့် အခုမှ ပင်လုံညီလာခံဆိုတာကို ထပြီး လုပ်ဖို. အတင်း ဇွတ်တင်နေတာလဲဆိုတာလဲ မေးစရာတွေ ဖြစ်ပါတယ်။

နောက်တခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ.တွေ ငြိမ်း အဖွဲ.တွေနဲ.ရော ဒေါ်စုအနေဖြင့် စုစည်းပြီး ဆက်သွယ်ရေး လမ်းကြောင်း ဖေါက်ထားနိုင်ခြင်း တရားဝင် ဆက်ဆံ စကား ပြောနိုင်ခြင်းမရှိသေး မလုပ်ရသေးပါ။ ဒီလို ကိစ္စမျိုး အရမ်း Sensitive ဖြစ်တဲ့ ကိစ္စမျိုးတွေမှာ close-door အစည်းအဝေးတွေ Heated Debate/Discussion တွေ အကြိမ်ကြိမ် လုပ်ပြီး ပြောဆိုပြီး ငြင်းခုံပြီးတော့မှာသာ ပြင်ဆင်မှုတွေ သဘောထား အမြင်တွေ ယူပြီးတော့မှာသာ ဘာတွေ လုပ်သင့်တယ် လုပ်မယ်ဆိုတာ လူသိ ထင်ရှား လုပ်ဖို. လိုပါသည်။

အရေးကြီးတဲ့ အင်အားစုတွေ ဖြစ်တဲ့ လက်ရှိအစိုးရနဲ. စစ်တပ်ကိုရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ.အစည်းတွေနဲ.မှာ ဆက်သွယ်မှု ထိစပ်မှု စကားပြော ဆွေးနွေးတိုင်ပင်ညှိနိုင်းမှုတွေ မရှိသေး မလုပ်ရေးသေးခင်မှာ တဖက်သတ်နဲ. Unilateral Call ဖြစ်နေတာကြောင့် ဒီအရေးကြီးတဲ့ အင်အားစုတွေ မပါပဲ မဖြစ်နိုင်ဖူးဆိုတာ လူတွေက သိနေပါတယ်။

နောက်တခုက ပင်လုံညီလာခံလို မပြောပဲ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲတို. ဆွေးနွေးပွဲတို. ပြောလိုက်မယ် ဖယ်ဒရယ် ပြည်ထောင်စု ပညာပေးရေးလှုပ်ရှားမှုတို.ဆိုပြီး ပြောလိုက်မယ်ဆိုရင် လူတွေအနေဖြင့် ဒီလောက် ဖြစ်မှာ မဟုတ်ပဲ ပင်လုံညီလာခံဆိုတဲ့ အင်မတန်ကြီးမားတဲ့အရာတခုကို ချက်ခြင်း သွား ကိုင်လိုက်တာကြောင့် လူတွေ ကြောင်အမ်းအမ်းဖြစ်သွားရတာပါ။

ဒါကြောင့် ဒေါ်စု ပြောသလို ဒုတိယ ပင်လုံညီလာခံနှင့် ပတ်သက်ပြီး နားလည်မှု လွဲမှားနေခြင်း မဟုတ်ပဲ။ လုပ်နည်း လုပ်ပုံ လွဲမှားနေခြင်းလိုအပ်တဲ့ ပြင်ဆင်မှု မရှိခြင်း အချိန် မကိုက်ပဲ Timing မကျခြင်းတို.ကြောင့် confidence နည်းပြီး လုပ်နိုင်မှာ ဖြစ်လာနိုင်မှာ လုပ်လို.ရမှာ မဟုတ်ပါဘူးလို. လူတွေက ယုံကြည်ယူဆတဲ့အတွက်သာ ဖြစ်ပါသည်။

ဒုတိယ ပင်လုံညီလာခံနှင့် ပတ်သက်လာရင် လူတွေအနေဖြင့် ဘာမှ မယ်မယ်ရရ ညှိနိုင်းပြင်ဆင်ထားမှုတွေ မရှိပဲ ကလေးမြို. ကြေညာချက် တစောင်ထုတ်ယုံဖြင့် ဖြစ်လာစရာ အကြောင်းမရှိဆိုတဲ့ Confidence နည်းနေတဲ့အတွက် အခုလို ဖြစ်တဲ့အပြင် ဒေါ်စုတို.ဖက်ကလဲ ပင်လုံညီလာခံဆိုတာ အစည်းအဝေးပွဲ ခေါ်တာကို ပြောတာလား ပင်လုံစိတ်ဓာတ်ရှိဖို. ရှင်သန်ဖို. ပညာပေး လုပ်ငန်းတွေ လုပ်ဖို. ပြောနေတာလားဆိုတာကိုလဲ ရှင်းရှင်းလင်းလင်းဖြင့် Message က တသားမတ်တည်းရှိပြီး လူထုကို ကောင်းကောင်းရှင်းပြနိုင်ဖို. လိုပါသည်။ Communication Failed ဖြစ်သလို အစကတည်းက မရှင်းတော့ ရှုပ်ကုန်ပါသည်။

လူတွေရဲ့ အသိမှာက ပင်လုံလို. ပြောလိုက်တာနဲ. တိုင်းရင်းသားတွေနှင့် ညှိနိုင်းဆွေးနွေးပြီး အနာဂတ်မြန်မာပြည်အတွက် အခြေခံ မူတွေကို ချမှတ်သဘောတူညီတဲ့ အရေးကြီးတဲ့ နိုင်ငံရေး လုပ်ဆောင်ချက်လို. မြင်လိုက်ပြီး ဒေါ်စုဖက်ကို ပြန်ပြီး အကဲခပ်ကြည့်လိုက်တော့ ဒီကိစ္စနဲ. ပတ်သက်ပြီး ပြင်ဆင်မှုဆိုလို. Statement တစောင်းပဲ ရှိနေသေးတာကြောင့် အခုလို. ဖြစ်နေတာလို. ယူဆပါသည်။

အချုပ်ဆိုသော နားလည်မှု လွဲမှားတာ မဟုတ်ပဲ လုပ်နည်း လုပ်ပုံ မမှန်သလို ဖြစ်နေပြီး ဘာမှ ကိုယ့်ဖက်က ပြင်ပြင်ဆင်ဆင် မရှိသေးတဲ့အပြင် လိုအပ်တဲ့ ထိစပ် ညှိနိုင်းမှု REACT OUT မရှိသေးပဲ အချိန်အားဖြင့်လဲ Right Time မဟုတ်ပဲ ဗြုန်းစားပြီး ထုတ်အော်လိုက်တဲ့ Political Shock ဖြစ်ပြီး နိုင်ငံရေးကြောင်အမ်းမ်းတွေ မယုံကြည်မှုတွေကြောင့် လူတွေ တွန်.ဆုပ်နေတာဖြစ်ပါသည်။
Facebookမှကူးယူတင်ပြခြင်းဖြစ်ပါသည်။http://www.facebook.com/note.php?note_id=125107030884953&id=1277373258

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....