Friday, November 5, 2010

မြန်မာပြည် ရွေးကောက်ပွဲ ဗြိတိန် အသိအမှတ်မပြု


ဗြိတိန်အနေနဲ့ မြန်မာပြည် ရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဂျယ်ရယ်မီ ဘရောင်းက CNA နဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။

မစ္စတာ ဂျယ်ရယ်မီ ဘရောင်းက “ရွေးကောက်ပွဲကို တရားဝင်အဖြစ် ကျနော်တို့ အသိအမှတ်မပြုပါဘူး။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ မပါဝင်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ရှိနေတုန်းပါ။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့ သဘောထားအစစ်အမှန်ကို ထင်ဟပ်တယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့က တရားမဝင်ဘူးလို့ ပြောရတာပါ”
http://www.irrawaddyblog.com/မှဖေါ်ပြပါသည်။
နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကြားကြားသမျှသော သတင်းနှင့် ရရှိသည့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များအပြင် ဝေဖန်စာ၊ အကြံပြုစာ အစရှိသည်တို့ကို ဧရာဝတီ အရေးပေါ်မေးလ် theirrawaddynews@gmail.com သို့ စတင် ပေးပို့နိုင်ပြီ ဖြစ်ပြီး အရေးပေါ် ပြောဆိုချင်သည့် ကိစ္စများ ရှိပါက +66 884 319 466 ကို စတင် ခေါ်နိုင်ပါပြီ။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....