Saturday, November 6, 2010

နအဖ အခွန်ရုံး (သံရုံး)ရှေ့ ကန့်ကွက်ဆန္ဒပြပွဲ (တိုကျို)




နအဖ စစ်အုပ်စုမှ ကျင်းပတော့မည် ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ လက်မခံ ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ မြန်မာ စစ် အခွန်ရုံး (သံရုံး)ရှေ့မှာ ယနေ့ နိုဝင်ဘာလ(၆)ရက် မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။




ဆန္ဒပြပွဲအစီအစဉ်ကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီင်္း မြန်မာ ပြည်သူများ၏ အနာဂတ် ကံကြမ္မကို အဆိုးဝါးဆုံး ဖန်တီးခံရတော့မည့် ၂၀၁၀ ရွေးကောက်ပွဲ၊ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ဆန့်ကျင်ကြောင်း နှင့်လက်မခံ နိုင်ကြောင်းကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) အဖွဲ့တာဝန်ခံ အသီးသီးတို့မှ ကန့်ကွက် ပြောကြားခဲ့ကြပါသည်။




ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသား စုစုပေါင်းဦးရေ ၃၀၀ခန့် နှင့်အတူ မြန်မာ့အရေးကို အားပေး ကူညီသော ဂျပန်အဖွဲ့အစည်း များတို့လည်း ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါသည်။ ဆက်လက်၍ ဆန္ဒပြပွဲကို မနက်ဖြန် (တနင်္ဂနွေနေ့) နံနက် (၁ဝ) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။




သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)


မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....