Tuesday, October 12, 2010

vote for me, please, please!!!

ဇာနည်ဝင်း |
ကျုပ်ကို မဲပေးပါဗျာ၊ နော် - နော်လို့ ဟီးဟီး (ဆိုပြီး ပြောနေသလား မသိဘူး။ ရုပ်မြင်သံမကြား ဆိုတော့ ခန့်မှန်း ကြည့်ရတာပါပဲ။ မနေ့က AP သတင်းဌာနက တင်တဲ့ ပုံတွေပါ။ ဒေါက်တာတင်ထွန်းဦး မဲဆွယ်နေပုံပေါ့ခင်ဗျာ)
ဆ၀ါဒီခပ်
ကျုပ်တို့ ကြံ့ခိုင်ရေး ပါတီက
အရမ်း အရမ်း ကောင်းတာပါခင်ဗျ။
ယုံပါနော်။
မဲထည့်ပါခင်ဗျာ။
ရှိခိုးပါရဲ့။ အဟီး။
(ဒါလည်း ပုံမြင်သံမကြား မဟုတ်လား၊ အဲဒီလို ပြောနေပုံ ရပါတယ်လေ)

ဂျာနယ်ထုတ်ဝေသူ ဆရာသမားက ဘယ့်နှာကြောင့် နေ့ချင်းညချင်း နာမည်ကျော် ကြံ့ခိုင်ရေး ဖြစ်သွားပါလိမ့်။ သူ့ကိုတော့ မမေးတော့ပါဘူးလေ၊ နိုင်ငံတော်ကို ချစ်လို့၊ နိုင်ငံတော်က တာဝန်ပေးလို့၊ ပြည်သူတွေအတွက် လုပ်ပေးချင်လို့ စသဖြင့် အမှန်အတိုင်း ပြောမယ်ဆိုတော့ မေးမနေတော့ဘူး။

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စီးပွားရေး အများကြီးလုပ်ထားတာကိုး လို့ Gtalk မှာ မီးစိမ်းနေသူ သတင်းသမား တယောက်က ရန်ကုန်ကနေ လှမ်းပြောပါတယ်။

သူ့ဂျာနယ်တစောင် ဖြစ်တဲ့ မြန်မာတိုင်း ရုံးခန်းကြီးက ပြန်ကြားရေးဌာနကနေ ငှားထားတာ လို့ Gtalk မှာ စိမ်းနေသူက ဆက်ပြောပါတယ်။ အင်း - နောက်ကွယ်မှာ သူသူငါငါ မမြင်ရတဲ့ မျက်နှာ နာစရာ ကိစ္စတွေ ရှိနိုင်တာမို့ အားနာနာနဲ့ ကြံ့ခိုင်ရေးပါတီလူကြီး ဖြစ်သွားတာ ထင်တယ်။ ဖြစ်နိုင်ချေတခုပေါ့၊ ရုပ်မမြင်သံမကြား ဆိုတော့ ဒီလိုပဲ ထင်ရတာပဲး)

အဲ - - - ၁၇ နှစ်ကြာ တက်ကြွစွာ လှုပ်ရှားပြီး နိုင်ငံတော် အတွက် လုပ်ဆောင်ခဲ့တဲ့ ကြံ့ခိုင်ရေး အဖွဲ့ဝင်တွေ ကိုယ်စား ကျုပ်ဖြင့် ရင်နာမိပါရဲ့။ ဟုတ်တယ်လေ၊ ပုဇွန်တောင်မှာ ကြံ့ဖွံ့တွေ နည်း မှတ်လို့။ ရိုက်သတ်လို့ မကုန်ဘူး (တကယ်မရိုက်ပါဘူးဗျာ မကြောက်ပါနဲ့)။ ဒီလို လူကြီးမင်းတွေ ၁၇ နှစ် ရင်းနှီး၊ မြှုပ်နှံ၊ ပေးဆပ်၊ စွန့်လွှတ်တယ်ဆိုတာ နည်းတဲ့အချိန်မှတ်လို့။ အခုလို ဂွင်ကောင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲကျမှ "နိုင်ငံတော်"က အဖွဲ့ဝင်တွေကို အမတ်လောင်း မခန့်ဘဲ ဂျာနယ်ထုတ်တဲ့သူကို ဗြုန်းခနဲ ဆွဲခေါ် အမတ်လောင်းရာထူး အပ်နှင်း၊ ယူနီဖောင်းဝတ်ပေးပြီး ပွဲထုတ်ရတယ်လို့။ သြော် - ကြံ့ဖွံ့ အမာခံတွေ ကံမကောင်းရှာပါလား။ ပုဇွန်တောင်မှာ ၁၇ နှစ်တာ မိုက်ခဲ့သမျှ လွှတ်တော်မ၀င်ရတော့ဘူးပေါ့။

သွပ် - သွပ်- သွပ် - သွပ် ------။

(မှတ်ချက် - အထက်ပါ စာလုံး ၄ လုံးကို အသံထွက် ဖတ်ရန်)

source by : ဧရာဝတီ ဘလော့ဂ်

2 comments:

  1. ကျွန်တော်အနေ နဲ့ပြောခြင်တာက ငါလူကြီးဖြစ်အာဏာရရင်ပြီးရော ဆိုပြီး မြန်မာလူထုမျက်နှာမထောက်ရင် အသက်ကြီးပြီး လူကြီးမဖြစ်သေးဘူးဆိုတာ သက်သေပြနေခြင်းပါ
    တကယ်ဆိုရင် ခွေးရူးတို့လေလည် ပွဲသို့မည်သည့် သူရဲကောင်း အာဇာနည်မှ ပါဝင်ကြမည့်မဟုတ်...။သေရေးရှင်ရေး သူရဲကောင်း အာဇာနည် ပွဲများ အတွင်း ဘေးထိုင်ွေး လိုမှိုင်နေကြပြီး အကျိုးအမြတ် တွက် အာဏာဖက်သူလူတစုအားဒီမှ့နေ ၍ ငရဲပြည်သို့ အမြန်ရောက် အောင် နေ့စဉ့်မဲ့အမျှဆုတောင်းနေပါကြောင်း.....အသိပေးလိုက်ပါတယ်

    ReplyDelete
  2. စာလုံးလေးလုံကို ပီသစွာအသံထွက် ဖတ်သွားပါသည် အမရေ....:)

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....