Monday, September 6, 2010

(၇၁)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနား(တိုကျို)



၂၀၁၀ ခုနှစ် စက်တင်ဘာလ ၅ ရက်။


(၇၁)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ရခိုင်ဒီမိုကရေစီအခွဲ့ချုပ်(ပြည်ပ)ဂျပန်ဌာနခွဲ မှ ဦးစီး၍ တိုကျိုမြို့ Toshima-ku Kumi Center 4F ခမ်းမ၌ ညနေ ၆း၀၀ နာရီ မှ ၉း၀၀ နာရီ အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။

ယနေ့ အခမ်းအနားတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် (၇၁)စက္ကန့် ငြိမ်သက် ဆုတောင်းမေတ္တာ ပို့သပြီးသည့်နောက် သဘာပတိ ALD(Exile)Japan ဥက္ကဌ ဦးလှအေးမောင်မှ ရှင်းလင်းပြောကြားရာမှာ  တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကြိုးပမ်းထမ်းဆောင်ခဲ့တဲ့ ဆရာတော်၏ စိတ်ဓါတ်တွေကို ယနေ့ လူငယ် လူလတ်ပိုင်းတွေက ဆရာတော်ရဲ့ စိတ်ဓါတ်တွေကို လက်ဆင့်ကမ်းနိုင်အောင် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သလို   နာယက ဦးဇော်မင်းခိုင်မှလည်း ဆရာတော် ဦးဥတ္တမလို ပညာ သီလ သမာဓိနဲ့ ပြည့်စုံတဲ့ လူတော်လူကောင်းတွေ ပေါ်ထွန်းစေဖို့ ဆရာတော် အထုပတ္တိကိုမှေးမှိန်အောင် သမိုင်းကို ဖျောက်ဖျက်သည့်ကိစ္စ နှောင်လာနောက်သားတွေ သမိုင်းအမှန်ကို သိစေဖို့နှင့် နောက်ထပ် ဒီလိုအမှားတွေကို ထပ်မှံမမှားစေဖို့ စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။

အခမ်းအနားတွင်ဂျပန်နိုင်ငံရောက် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်(၆)ဦးတို့က အမှတ်ပေး ဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့အစည်း အသီးသီးမှ လူငယ် ၅ ဦးတို့က သမိုင်းနောက်ခံ အချက်အလက် အထောက်အထားများကို ကိုးကား၍ “ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ” ခေါင်းစဉ်ဖြစ် စာတမ်းဖတ် ယှဉ်ပြိုင် ဟောပြောသွားခဲ့ကြရာ အကောင်းဆုံ ပထမဆု ယန်းငွေ သုံးသောင်းဆု ကို တသီးပုဂ္ဂလ ကိုမင်းထက်ဇော် မှရရှိပြီး၊ ဒုတိယ ဆု ယန်း နှစ်သေါင်းဆု ကို NLD-LA(JB) မှ ကိုထွန်းငြိမ်း ကလည်းကောင်း၊ တတိယ ဆု ယန်း တစ်သေါင်းဆု ကို ဗကသ ကိုမျိုးမြင့်ဆွေ မှလည်းကောင်း အသီးသီးရရှိခဲ့ပြီး နှစ်သိမ့်ဆုများအဖြင့် LDB မှ ကိုအောင်ထွန်းလင်း နှင့် ALD(Exile)Japanမှ ကိုကျော်သန်းလှိုင်တို့က ရရှိခဲ့ကြပါသည်။ ဂုဏ်ပြု လက်မှတ်များနှင့် ဆရာတော်၏ အထုပတ္တိစာအုပ်ကို ယှဉ်ပြိုင်ခဲ့သည့် သူများကို ချီးမြှင့်ခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....