Monday, September 6, 2010

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ အဖွဲ့ပေါင်းစုံ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ



၂၀၁၀ ၊ စက်တင်ဘာလ (၅)ရက်။

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အဖွဲ့ပေါင်းစုံ၏ တတိယအကြိမ်မြောက် ညှိနှိုင်းအစည်းဝေးပွဲကို ယနေ့ ၂၀၁၀ခု၊ စက်တင်ဘာလ၊ ၅ရက် ၌Tokyoမြို့ Takadanobaba ရှိ AUN-Japan ရုံးခန်းတွင် နေ့လည် ၁း၀၀ နာရီ မှ ၃း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်း အစည်းအဝေးတွင် သြဂုတ်လ(၂၉)ရက်နေ့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ စတင် ဖွဲ့စည်းလိုက်သည့် 2010 Election Boycott Committee (Japan) “၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး” ကော်မတီတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့ဝင်များကို တာဝန်ခွဲဝေမှုများ ရှေ့လုပ်ငန်း ဆောင်ရွက်မှုများတို့ကို ဆုံးဖြတ်အတည်ပြု ခဲ့ကြပါသည်။

အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံ(၁၂)ဦး ပါဝင်သည့် “၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး”အလုပ်အမှုဆောင်ကော်မတီ၊ ပြန်ကြားရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံနှင့် ၂၀၁၀ ရွေးကောက်ပွဲ မသမာမှုများ စောင့်ကြည့် ဖေါ်ထုတ်ရေး ကော်မတီများကိုပါ တာဝန်ခွဲဝေမှုများ ပြုလုပ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....