Tuesday, September 21, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ ညှိနှိုင်းစည်းဝေ မှတ်တမ်း ဓါတ်ပုံ။




၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မြန်မာ့နိုင်ငံရေး အခြေအနေများ ကော်မတီမှ ဆက်လက် လုပ်ဆောင် လှုပ်ရှားသွားမည့် ရှေ့ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေသည့် အခမ်းအနားကို စက်တင်ဘာလ(၁၉)ရက် (တနင်္ဂနွေနေ့) Takadanobaba, Recycle Center,4F ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။




ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့၏ ဂျပန်နိုင်ငံ ခရီးစဉ်တွင် ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားခဲ့ကြောင်း ယင်းခရီးစဉ်တွင်၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ အဖွဲ့ဝင်တချို့နှင့်အတူ သွားခဲ့ကြသည့်အပေါ် အပြန်အလှန် အကြေအလည် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ကော်မတီ၏ ရပ်တည်ချက် သဘောထားနှင့် “မြန်မာ နအဖ စစ်အစိုးရမှ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ပါ” ဆိုသည့် စာတမ်းများကိုပါ ဂျပန်အစိုးရမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ သွားရောက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။




သတင်းမှတ်တမ်း ။ Mai Kyaw Oo


မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....