Sunday, August 1, 2010

မြန်မာ့ပြည်သူ့ရေးရာ (People's Forum on Burma) အဖွဲ့မှ အကြိမ်(၆၁)မြောက် ပုံမှန် လပတ်အစည်းအဝေး




ဂျပန်နိုင်ငံရှိ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့ပြည်သူ့ရေးရာ (People's Forum on Burma) အဖွဲ့မှ အကြိမ်(၆၁)မြောက် ပုံမှန် လပတ်အစည်းအဝေးကို ၂၀၁၀ခုနှစ်ဇူလိုင်လ၃၁ရက်နေ့ဆွင် ဂျပန်နိုင်ငံ၊တိုကျိုမြို့IKEBUKIRO
တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် International Organization for Migration(IOM)၏ Programme Manager Ms NAOKO HASHIMOTOက(IOM)အား မိတ်ဆက်တင်ပြခဲ့ပါသည်။(IOM)အား ၁၉၅၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ နိုင်ငံတနိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့နေထိုင်သော ဒုက္ခသည်များကို အကူအညီများပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါကမ္ဘာ့အနှံ့တွင်ရုံးခန်းပေါင်း(၄၅၀)ကျော်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။
အစည်းအဝေးတွင် IOM၏အဓိက လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြသွားခဲ့ပြီး၊ ထိုလုပ်ငန်းစဉ်များတွင် ပါဝင်သော အချက်တစ်ချက်ဖြစ်သည့် ဂျပန်နိုင်ငံရှိဒုက္ခသည်များနှင့်ပါတ်သက်သည်များကို အပြန်အလှန်မေးခွန်းများထုတ်၍ ဆွေးနွေးသွားခဲ့ကြပါသည်။
မြန်မာဒုက္ခသည်များနှင့်ပါတ်သက်၍ များမကြာမီအတောအတွင်းတွင် ထိုင်းနိုင်ငံနယ်စပ်မှ ကရင်တိုင်းရင်းသား ဒုက္ခသည်နောက်ထပ် အယောက်(၃၀)အား ဂျပန်အစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကာ ဂျပန်နိုင်ငံတွင် တရားဝင်ခွင့်ပေးသွားမည်ဟု သိရပါသည်။
၂၀၀၉၊၂၀၁၀ခုနှစ်အတွင်း ဂျပန်အစိုးရပိုင်းမှ ကရင်ဒုက္ခသည်ပေါင်း(၉၀)ခန့်ကို
လက်ခံထားခဲ့သည်ဟုလည်း သိရပါသည်။
IOMသည် ဂျပန်နိုင်ငံတွင်းသို့ ရောက်ရှိလာသော ဒုက္ခသည်များကိုသာ ကူညီနေခြင်းမဟုတ်ဘဲ
ထိုင်းနိုင်ငံ ဒုက္ခသည် ထိန်းသိမ်းရေးစခန်းမှစ၍ တတိယနိုင်ငံများကို ရောက်သည်အထိ (နိုင်ငံခြားသားမှတ်ပုံတင်ကဒ် ရရှိရေးကဲ့သို့သော ကိစ္စများမှစ၍ ခေတ်မီရေအိမ်အသုံးပြုပုံအထိ)
အသေးစိတ် လုပ်ငန်းဆောင်တာများကို အကူအညီပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။
ထို့အပြင် ဗမာလူမျိုးနှင့်တိုင်းရင်းသားလူမျိုးများ၏ အကြောင်းကို လုံးဝမသိသေးသော ဂျပန်လူမျိုးများအားလည်း ဗမာလူမျိုးနှင့်တိုင်းရင်းသားလူမျိုးများအကြောင်းကို အလျဉ်းသင့်သလို စာစောင်များ၊ လက်ကမ်းစာရွက်များထုတ်ဝေ၍ အသိပေးမိတ်ဆက်လျက်ရှိပါသည်။ IOMအနေဖြင့် ထိုလုပ်ငန်းစဉ်များကို ရေရှည်ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း သိရပါသည်။
ထို့နောက် ကရင်လူမျိုးများ၏ကိုယ်စား ဂျပန်နိုင်ငံရောက် ကရင်အမျိုးသား ဦးစောဘလှသိန်းမှ စစ်အစိုးရ၏ ဖိနှိပ်၊ညဉ်းဆဲခံ ကရင်တိုင်းရင်းသားတို့၏ ဘဝများကို ဓါတ်ပုံဆလိုက်ရှိုးများဖြင့် ပြသခဲ့ပြီး၊ကချင်တိုင်းရင်းသူ
ဒေါ်Marip Sengbu မှလည်း စစ်အစိုးရကြောင့် ကချင်လူမျိုးတို့၏ လူ့အခွင့်အရေးဆုံးရှုံးနေရခြင်းများ၊ ဒုက္ခဆင်းရဲရောက်ရပုံများကို ရှင်းလင်းပြောကြားခဲ့ရာ ဂျပန်လူမျိုးများသာမကဘဲ
ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အထူးစိတ်ဝင်တစားဖြင့် ကြည့်ရှု့လေ့လာခွင့်ရခဲ့ပါသည်။
ထို့နောက် သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ည(၉)နာရီတွင်
အဆုံးသတ်ပြီးစီးခဲ့ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....