Saturday, August 21, 2010

ရန်ကုန်တိုင်းအတွင်းတက်ကြွလှုပ်ရှားနေသောကျောင်းသားလူငယ်များ


20.8.2010ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသော ကျောင်းသား၊လူငယ်များ အင်အားစုများက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့် ကျင်ရေးပို့ စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်းအတွင်းတွင်ရှိသော ဘုန်းတော်ကြီးစာသင်တိုက်များကို အဓိကထားရ်ျဖြန့် ဝေခဲ့ကြကြောင်းသိရှိရသည်။
၎င်းလှုပ်ရှားမှုကို အဆိုပါကျောင်းသားအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသောသံဃာတော်အရှင်သူမြတ်အချို့ ကကူညီဆောင်ရွက်ပေးခဲ့ကြောင်း လှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့သည်။ "ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့ လှိုင်မြို့ နယ်၊မင်္ဂလာတောင်ညွန့် မြို့ နယ်၊ဒေါပုံမြို့ နယ်၊သာကေတမြို့ နယ်၊သုံးခွမြို့ နယ်နှင့် သန်လျင်မြို့ နယ်တို့ မှာရှိတဲ့ စာသင်တိုက်တွေကိုအဓိကထားပြီးဖြန့် ဝေခဲ့ ပါတယ်။စာသင်တိုက်တွေကိုအဓိကထားဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာပြည်သူတွေအတွက်၊နိုင်ငံအတွက်ချောက်ကမ်းပါးကိုတွန်းပို့ မယ့် ကိစ္စတစ်ခုပါဆိုတဲ့  message ကိုစာသင်သားသံဃာတော်တွေကတစ်ဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကိုရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ဖြန့် ဝေတဲ့ ပို့ စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင်ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ရွေးကောက်ပွဲမှာမဲမထည့် ပဲနေတာဟာလဲပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့် အရေးပဲဆိုတဲ့ စာသားတွေရယ်ရေးထားပါတယ်" ဟုအဆိုပါကျောင်းသားလူငယ်မှပြောကြားသွားခဲ့ သည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....