ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(နိုင်ငံခြားသတင်းမှ)
ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(ပြည်တွင်းသတင်းမှ)
ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိသော နအဖကကျင်းပမည့် နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ OKADA KATSUYAက
၂၀၁၀ခုနှစ်၊သြဂုတ်လ၊(၂၀)ရက်-သောကြာနေ့တွင် ပြောကြားလိုက်ပါသည်။
ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် နအဖကပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပါတ်သက်၍......
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသော ရွေးကောက်ပွဲအား ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း စစ်မှန်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုလိမ့်မယ်မဟုတ်ကြောင်းကို မြန်မာအရေးနှင့်ပါတ်သက်၍ ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးသို့ တိုက်ရိုက်စာပို့အကြောင်းကြားခဲ့ကြောင်းကိုလည်း
ဝန်ကြီးက ပြောကြားခဲ့ပါသည်.
ဤအချက်ကိုထောက်ရှူ့ခြင်းဖြင့် ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော မြန်မာလူမျိုးတို့၏
ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၊နေ့စဉ်နေ့တိုင်း လိုလိုတောင်းဆိုဆန္ဒပြမှုများကို ဂျပန်အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း
ထင်ရှားပါသည်။သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် ယခုကဲ့သို့ ဆက်လက်၍ စည်းလုံးညီညွတ်စွာဖြင့် ပြည်တွင်းပြည်ပ ချိတ်ဆက်၍ နအဖ၏ နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲအား နည်းမျိုးစုံဖြင့်
ဆန့်ကျင်တိုက်ဖျက်ကြပါစို့....လို့ တိုက်တွန်းရေးသားလိုက်ရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်