Wednesday, July 7, 2010

(၄၈)နှစ်မြောက်သမိုင်းဝင်SEVEN JULYအထိမ်းအမှတ်-ဂျပန်


(၄၈)နှစ်မြောက် သမိုင်းဝင် ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမူ ဦးညွတ်ဂုဏ်ပြုသည့် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့ Shinagawa အရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ ဇူလိုင်လ ၇ ရက် ညနေ ၃း၀၀ နာရီ မှ ၄း၃၀ အထိ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများတိုမှ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကိုမြတ်သူ(DPNS-jp)မှ အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး 7 July ဂုဏ်ပြုအခမ်းအနား ကျင်းပပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားရာမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အာဏာရှင်စနစ်ကို စတင်ဖွင့်ဟ အာခံတိုက်ပွဲဝင်ခဲ့ကြသည့် ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျောင်းသားများ သွေးမြေကျခဲ့ရသည့် သမိုင်းဝင် 7 July အရေးအခင်းကြီးကို ယနေ့ထက်တိုင် မမေ့နိုင်သေးသလို စစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သည့် ကျောင်းသားသမဂ္ဂစိတ်ဓာတ် ကျောင်းသားစိတ်ဓာတ်ကို လေးစားဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသွားပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့သည် သမိုင်းဝင် ၇ ရက် ဇူလိုင် ကျောင်းသားလှုပ်ရှားမူနှင့် ပတ်သက်သည့် ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားပြီးသည့်နောက် ကမ္ဘာမကြေဘူးဟေ့ သီချင်းကို သံပြိုင်တီဆီုခဲ့ကြပြီး ( ကျောင်းသားရှိလျှင် .. ကျောင်းသားသမဂ္ဂရှိရမည် ၊ ကျောင်းသားသမဂ္ဂ ..အဓွန့်ရှည်ပါစေ ၊ ခွတ်ဒေါင်းစိတ်ဓါတ် .. အဓွန့်ရှည်ပါစေ ၊ 7 July စိတ်ဓါတ် ..အဓွန့်ရှည်ပါစေ ) စသည့် ကြွေးကြော်သံများဖြစ် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်ရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
http://www.pnsjapan.org/


ဓါတ်ပုံ။ ။Aung Htoo Thein(Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....