Friday, June 25, 2010

နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan) ကို ဂျပန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည်။

၂၆-၆-၂ဝ၁ဝ နှင့် ၂၇-၆-၂ဝ၁ဝ ရက်များတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှ တာဝန်ယူ ကျင်းပမည့် မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲ (Symposium) နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan) ကို ဂျပန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပတော့မည်ဖြစ်ပါသည်။

အစီအစဉ်(၁)
ဟောပြော ဆွေးနွေးပွဲ (Symposium)
ဟောပြောဆွေးနွေးမည့်သူများ

(ဒေါ်သင်းသင်းအောင် )၊ (Ms. Yukida Juri) ၊ ( Mr. Watanabe Shogo)

နေ့ရက် - ၂၆-၆-၂ဝ၁ဝ (စနေနေ့)
အချိန် - နေ့လည် ၁ နာရီမှ ၅ နာရီထိ
နေရာ - 総研 (Souken Biru) အဆောက်အဦ (11) ထပ်၊ အခန်း (19)
Aoyama Gakuin University
Shibuya 4-4-25, Shibuya-Ku, Tokyo, Japan
(UN ရုံးရှေ့)
ဝင်ကြေး - ယန်း ၅ဝဝ
ညနေ ၅ နာရီမှ ၇ နာရီထိ မြန်မာနိုင်ငံသားတို့၏ ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှုများဖြင့် တင်ဆက်၍ မြန်မာစားစရာများ၊ ဖျော်ရည်များဖြင့် ဧည့်ခံပါမည်။ တဦးလျှင် ယန်း ၅ဝဝ နှုန်း။

အစီအစဉ် (၂)
နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)

နေ့ရက် - ၂၇-၆-၂ဝ၁ဝ (တနင်္ဂနေ့)
အချိန် - နေ့လည် ၁ နာရီမှ ၅ နာရီထိ
နေရာ - မြေညီထပ် Building No. (6), Aoyama Gakuin University
Shibuya 4-4-25, Shibuya-Ku, Tokyo, Japan
(UN ရုံးရှေ့)
ဝင်ကြေး - ယန်း ၅ဝဝ

ဂျပန်ရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ အခမ်းနားတွင် ဘီစီဂျေပီ အဖွဲ့သား(Burma Campaign Japan) http://www.burmacampaign.net မှ တိုက်ရိုက် အင်တာနက်မှ ရုပ်သံထုတ်လွှင့်မည်ဖြစ်ပါသည်။

သတင်း။ ။ KO Mai Kyaw Oo(PNS-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....