မြန်မာစစ်အစိုးအာဘော်သတင်းစာ ကြေးမုံမှာ ဖေါ်ပြထားတဲ့ တရုတ်နိုင်ငံက အမျိုးသားကွက်ဂရက်ရဲ့ မသေမခြင်းကော်မတီဝင် ဒုဥက္ကဋ္ဌ နှင့် အပြည်ပြည်ဆိုင်ရာ နားလည်မှုတည်ဆောက်ရေး အသင်းဥက္ကဋ္ဌ တရုတ်ကြီးရယ် မြန်မာနိုင်ငံက ၀န်ကြီးချုပ်ဆိုသူ သိန်းစိန်ရယ် တွေ့ဆုံတဲ့ သတင်း (ရာထူးတွေကတော့ အရူးနှင့်ပဒိုင်းသီးလို လိုက်ပါပေတယ်)
နောက်တခါ သစ်ပင်တွေကို အနှစ်(၂၀)အားရပါးရခုက် သစ်တွေကို တရုတ်ကိုရောင်းလို့ကုန်မှ သစ်တောထိန်းသိမ်းဖို့ သရုပ်ပြတယ်ဆိုတဲ့ မြန်မာနိုင်ငံသစ်တောဦးစီးဌာန
သစ်တောတွေပြုန်းလို့ အင်းလေးကန်က ရေတွေခန်းကုန်တော့ အရှက်မရှိ နအဖမှ နိုင်ငံတကာဆီက
သူတောင်းစားလုပ်ပြီး အလှူငွေတောင်းတာကို မြန်မြန်ရခြင်တာနှင့် ဗိုလ်ချုပ်တွေပါသစ်ပင်စိုက်နေပါပြီဆိုပြီး သူတောင်းစားသရုပ်ပြပွဲလုပ်တဲ့ တိုင်းမှူးဗိုလ်ချုပ်ရာပြည့်က သစ်ပင်တပင်ကို ရေလောင်းပြတာ လူအယောက် ၁၀၀ လောက်ဝိုင်းကြည့်တဲ့သတင်း
အဲဒီလို သတင်းတွေကို ဖတ်ပြီး တွေးမိတာက မြန်မာနိုင်ငံအတွက် နအဖ နှင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာမယ့် ရုပ်သေးအရပ်သားအစိုးရ လက်ထက်ကျရင် တိုင်းပြည်က နှစ်ခါနာမှာပါ ဘာလို့လဲဆိုတော့ စစ်တပ်ကလည်း ရသမျှစားမယ် အမည်ခံအရပ်သားအစိုးရကလည်း ထပ်စားအုန်းမယ် ဆင်းရဲတွင်းနက်ပြီး ငတ်သည်ထက်ငတ်မှာကတော့ ပြည်သူတွေပါ.....
Jun 29 ကြေးမုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်