Tuesday, June 29, 2010

ဖိတ်ကြားအပ်ပါသည်

ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများသို့ရိုသေလေးစားစွာ
အကြောင်းကြားအပ်ပါသည်၊အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်(သာသနာ့မောဠိ)၏
ဒု-ဥက္ကဋ္ဌဆရာတော် ဦးကောဝိဒသည် ကနေဒါနိုင်ငံ တိုရန်တိုမြို့မှ ဂျပန်နိုင်ငံသို့ ကြွရောက်နေပါသည်။
ဂျပန်နိုင်ငံ ဆုဂါမို အရပ်တွင် သီတင်းသုံးနေထိုင်တော်မူသည့် ဆရာတော် ဦးဓမ္မဇောတိ
၏ အပြည်ပြည်ဆိုင်ရာသံဃာ့အဖွဲ့ရုံး (International Sangha Organization )ISO
ရုံးခန်းအားဆရာတော်အရှင် ဦးကောဝိဒမှ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် ဂျပန်ဋ္ဌာနခွဲ
ရုံးခန်း (International Burmese Monks Organization) IBMO အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေး
မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သာသနာ့မောဠိ ဂျပန်ဋ္ဌါနခွဲ ရုံးခန်းဖွင့်ပွဲ့ အခမ်းအနားနှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ထပ်မံ တွေ့ဆုံပွဲ အခမ်းအနားကို အောက်ပါအစီအစဉ် အတိုင်း
ကျင်းပမည်ဖြစ်ပါသဖြင့် လူကြီးမင်းတို့မှ မပျက်မကွက်တက်ရောက်ကြပါရန် ရိုသေလေးစားစွာ
ဖိတ်မန္တကပြုပါသည်။
အခမ်းအနားအစီအစဉ်-
နေ့ရက်၂၀၁၀ ပြည့်နှစ် ဇူလိုင်လ (၂) ရက် (စနေနေ့)
အချိန် နေ့လည် (၁) နာရီ မှ (၂) နာရီထိ
နေရာ မြန်မာ့ရေးရာရုံး (Burma Office)
(JTUC) BLDG 3F
Contact: 090 2525 1966

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....