Monday, May 10, 2010

လူထုလှုပ်ရှားမှု

5.5.10 နေ့က အဘဦးဝင်းတင်နဲ့  other side အပါအ၀င် အင်အားစု တော်တော်များများ အစည်းအဝေးလုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘဦးဝင်းတင်ပြောတဲ့ လူထုကိုအခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့ အတွက် ဆွေးနွေးကြပါတယ်။ အဲဒီကန်ပိန်းကို အဘဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် 7 နယ်ကအင်အားစုများက ပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
လှုပ်ရှားမှုကာလကို 7.5.10 ကနေစပြီး 7.7.10 (7 ဇူလိုင်နေ့ ) အထိသုံးလတာ သတ်မှတ်ထားပါတယ်။ 

လှုပ်ရှားမှုစတင်တဲ့  7.5.10 နေ့မှာပဲ လက်မှတ်ပေါင်းသုံးရာကျော် ရရှိခဲ့ ပါတယ်။ လှုပ်ရှားမှုရဲ့  ရည်ရွယ်ချက်က အချက်ခြောက်ချက်ရှိပါတယ်။

၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့  မတရားဖမ်းဆီးခံထားရသော ကျောင်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန်

၂။ 2008 ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်

၃။ 2010ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်


၎။ 1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်

၅။ 1990ရွေးကောက်ပွဲရလဒ် အရပေါ်ထွန်းလာသော ပြည်သူ့ လွှတ်တော်များအား လုပ်ပိုင်ခွင့် များ အပ်နှင်းရန်

၆။ NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန်တို့ ပဲဖြစ်ပါတယ်။

ရရှိလာတဲ့ လက်မှတ်များကို ဘယ်ကိုမှတင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကိုဦးဆောင်တဲ့ အဘဦးဝင်းတင် အပါအ၀င်အဖွဲ့ ဝင်များက သိမ်းထားမှာဖြစ်ပြီးတော့ မကြာခဏအနေနဲ့  မီဒီယာကနေတဆင်းဘယ်ရွေ့  ဘယ်မျှရရှိကြောင်း ကြေငြာပြီးနအဖ ကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကိုဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့  NLD လူငယ်များ၊ youth 109၊ 2007မျိုးဆက်ကျောင်းသားများ(ရန်ကုန်) နဲ့  အခြားဒီမိုကရေစီရေးဆောင်ရွက်နေသူ ပြည်သူအများပါဝင်ပါတယ်။
အဖွဲ့ နာမည်ကိုတော့ ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီလိုလားသူများလို့  ပေးထားပါတယ်။ နောက်ရက်တွေအချက်အလက်တွေ ထပ်ရရင်ပို့ ပေးပါဦးမယ်။ ဒီသတင်းကိုလဲဘလော့  တွေဆိုက်ဒ်တွေပေါ်မှာ ဖြန့် ပေးပါ။

8888peoplepower forward mail မှရရှိသဖြင့် ဖြန့်ဝေပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....