 မြန်မာပြည်တစ်ဝှမ်း  မှာရေပြတ်လတ် ရှားပါးနေမှုတွေနဲ့ ကြုံနေရပါတယ်။ နှစ်ပေါင်းများစွာ  အတွင်းတခါမှ မကြုံခဲ့ရပါဘူးလို့ ... ရှေ့မှီနောက်မှီ လူကြီးတစ်ဦးက  ပြောဆိုပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊  ဧရာဝတီတိုင်းနဲ့  မွန်ပြည်နယ်တို့မှာ  သောက်သုံးရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ပြည်တွင်းကလာတဲ့ သတင်းတွေမှာတော့ ရှမ်းပြည်နယ်လို အေးချမ်းတဲ့  ရာသီဥတုရှိတဲ့ နေရာတွေမှာ  အပူဒဏ်ကို ခံနေရပြီး ကမ္ဘာကျော်  အင်းလေးကန်ကြီးမှာတောင် မြင်မကောင်းအောင် ရေခမ်းခြောက်တာနဲ့  ကြုံတွေ့နေရပါတယ်။ သဘာဝပတ်ဝန်းကျင် အမြင်နဲ့ ကြည့်လို့ရသလို  အုပ်ချုပ်မင်းလုပ်သူတွေရဲ့ အနေအထားနဲ့ ကြည့်မယ် ဆိုရင်တော့  မင်းကျင့်တရားနဲ့ အညီမအုပ်ချုပ်ရင် ရာသီဥတုတွေ ဖောက်ပြန်တယ်။ မြေဆီသြဇာတွေ  ခန်းခြောက်တယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်တဲ့အတွက် အကျယ်ချဲ့ မပြောလိုပါဘူး။  ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဆင်ဖြူတွေ ဖမ်းမိတော့ မင်းကျင့်တရားနဲ့ ညီလို့  တိုင်းပြည်သာယာဝပြောလို့ ဆင်ဖြူတော် ပေါ်လာတာလို့ ဆိုပါတယ်။  ရာဇဝင်တွေမှာ  ဖတ်ဘူးတာတော့ သူ့ဘာသာသူ မင်းကျင့်တရားနဲ့ အုပ်ချုပ်သူထံ ဆင်ဖြူက  ဆိုက်ရောက်လာတာလို့ ဖတ်ဘူးပါတယ်။ ကွယ်လွန်သူ သမိုင်းပါမောက္ခ  ဆရာကြီးဒေါက်တာသန်းထွန်းကတော့ ဆင်ဆိုတာ ဖြူတာပဲဖြစ်ဖြစ်၊ မဲတာပဲဖြစ်ဖြစ်  တိရိစ္ဆာန်ဟာ တိရိစ္ဆာန်ပဲ.. လူထက်မမြင့်မြတ်ဘူးလို့  ပြောတာကြားဘူးပါတယ်။  လက်ရှိ တိရိစ္ဆာန်တွေကို ငွေစက္ကူတွေမှာ မြင့်မြတ်တယ်ဆိုပြီး  ပုံနှိပ်ဖော်ပြပေးနေတဲ့ စစ်ခေါင်းဆောင်တွေ စဉ်းစားစရာပါပဲ...  အခုမိုးခေါင်ရေရှားတာ ကိုရော နယ်စပ်က အတိုက်အခံတွေကြောင့်၊ ABSDFကြောင်၊့  စွမ်းအားမြှင့်ကြောင့် လို့ ဆင်ခြေတက်ဦး မလားတော့မသိပါ။
မြန်မာပြည်တစ်ဝှမ်း  မှာရေပြတ်လတ် ရှားပါးနေမှုတွေနဲ့ ကြုံနေရပါတယ်။ နှစ်ပေါင်းများစွာ  အတွင်းတခါမှ မကြုံခဲ့ရပါဘူးလို့ ... ရှေ့မှီနောက်မှီ လူကြီးတစ်ဦးက  ပြောဆိုပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊  ဧရာဝတီတိုင်းနဲ့  မွန်ပြည်နယ်တို့မှာ  သောက်သုံးရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ပြည်တွင်းကလာတဲ့ သတင်းတွေမှာတော့ ရှမ်းပြည်နယ်လို အေးချမ်းတဲ့  ရာသီဥတုရှိတဲ့ နေရာတွေမှာ  အပူဒဏ်ကို ခံနေရပြီး ကမ္ဘာကျော်  အင်းလေးကန်ကြီးမှာတောင် မြင်မကောင်းအောင် ရေခမ်းခြောက်တာနဲ့  ကြုံတွေ့နေရပါတယ်။ သဘာဝပတ်ဝန်းကျင် အမြင်နဲ့ ကြည့်လို့ရသလို  အုပ်ချုပ်မင်းလုပ်သူတွေရဲ့ အနေအထားနဲ့ ကြည့်မယ် ဆိုရင်တော့  မင်းကျင့်တရားနဲ့ အညီမအုပ်ချုပ်ရင် ရာသီဥတုတွေ ဖောက်ပြန်တယ်။ မြေဆီသြဇာတွေ  ခန်းခြောက်တယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်တဲ့အတွက် အကျယ်ချဲ့ မပြောလိုပါဘူး။  ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဆင်ဖြူတွေ ဖမ်းမိတော့ မင်းကျင့်တရားနဲ့ ညီလို့  တိုင်းပြည်သာယာဝပြောလို့ ဆင်ဖြူတော် ပေါ်လာတာလို့ ဆိုပါတယ်။  ရာဇဝင်တွေမှာ  ဖတ်ဘူးတာတော့ သူ့ဘာသာသူ မင်းကျင့်တရားနဲ့ အုပ်ချုပ်သူထံ ဆင်ဖြူက  ဆိုက်ရောက်လာတာလို့ ဖတ်ဘူးပါတယ်။ ကွယ်လွန်သူ သမိုင်းပါမောက္ခ  ဆရာကြီးဒေါက်တာသန်းထွန်းကတော့ ဆင်ဆိုတာ ဖြူတာပဲဖြစ်ဖြစ်၊ မဲတာပဲဖြစ်ဖြစ်  တိရိစ္ဆာန်ဟာ တိရိစ္ဆာန်ပဲ.. လူထက်မမြင့်မြတ်ဘူးလို့  ပြောတာကြားဘူးပါတယ်။  လက်ရှိ တိရိစ္ဆာန်တွေကို ငွေစက္ကူတွေမှာ မြင့်မြတ်တယ်ဆိုပြီး  ပုံနှိပ်ဖော်ပြပေးနေတဲ့ စစ်ခေါင်းဆောင်တွေ စဉ်းစားစရာပါပဲ...  အခုမိုးခေါင်ရေရှားတာ ကိုရော နယ်စပ်က အတိုက်အခံတွေကြောင့်၊ ABSDFကြောင်၊့  စွမ်းအားမြှင့်ကြောင့် လို့ ဆင်ခြေတက်ဦး မလားတော့မသိပါ။ကျွန်တော်တို့ လက်ထက်နဲ့ လူကြီးတွေတောင် တခါမှမကြုံဘူးတဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ပြည်သူတွေ လှိမ့်နေအောင် ခံနေရတာပါ။ ဒီကြားထဲ မီးမလာတာနဲ့ ရေမရတာ နှစ်ခုလုံးကြုံနေရတာပါ။ အာဏာပိုင်တွေဖက်က ဘာမှ ပြင်ဆင်ထားမှု မရှိတဲ့ အပြင် ရေပြသနာဖြစ်ပွားပြီး ရက်သတ္တပတ်ကျော်ကြာမှ ကူညီမှုလုပ်ငန်းတွေ လုပ်နေပါတယ်လို့ မဇ္ဈိမသတင်းမှာ ဖော်ပြလာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေပြတ်လတ်မှုဒဏ်ခံနေရတဲ့ ပဲခူးတိုင်းဝေါမြို့မှာ ရေလှုဒါန်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေပြီး... ယနေ့ (၁၃)ရက်နေ့မှာ ဝမ်းရောဂါတွေ ဖြစ်နေတဲ့ ဝေါမြို့မှာ ရေသန့်ဆေးပြားတွေ သွားရောက်ဖြန့်ဖြူးနေတယ်လို့ အဖွဲ့ချုပ်သတင်းရပ်ကွက်မှ သိရှိရပါတယ်။
 နာရေးကူညီမှုအသင်းမှ  ဦးကျော်သူမှလည်း မနေ့ကနဲ့ ဒီနေ့မှာ ဒေါ်ရွှေဇီးကွက်နဲ့ အဖွဲ့ ပဲခူးဘက်ကို  ဆင်းပြီး ကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း.. အခြေအနေတွေဆိုးကြောင်း  ပြည်သူ့ဂုဏ်ရည်ဆုက ရတဲ့ငွေ (၁၁)သိန်းကို ရေအလှူ မတည်ငွေအဖြစ် လှူလိုက်ပြီ  ဖြစ်ကြောင်း သာဓုခေါ်စရာ ပြောဆိုပါတယ်။ ကိုကျော်သူ အနေနဲ့ကတော့ နာရေးတွေကို  ပိုလုပ်နေရကြောင်း အပူဒဏ်ကြောင့်သေဆုံးသူတွေ အပါအဝင် သေဆုံးသူတဲ့လူ တနေ့  တနေ့(၇၀)ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။
နာရေးကူညီမှုအသင်းမှ  ဦးကျော်သူမှလည်း မနေ့ကနဲ့ ဒီနေ့မှာ ဒေါ်ရွှေဇီးကွက်နဲ့ အဖွဲ့ ပဲခူးဘက်ကို  ဆင်းပြီး ကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း.. အခြေအနေတွေဆိုးကြောင်း  ပြည်သူ့ဂုဏ်ရည်ဆုက ရတဲ့ငွေ (၁၁)သိန်းကို ရေအလှူ မတည်ငွေအဖြစ် လှူလိုက်ပြီ  ဖြစ်ကြောင်း သာဓုခေါ်စရာ ပြောဆိုပါတယ်။ ကိုကျော်သူ အနေနဲ့ကတော့ နာရေးတွေကို  ပိုလုပ်နေရကြောင်း အပူဒဏ်ကြောင့်သေဆုံးသူတွေ အပါအဝင် သေဆုံးသူတဲ့လူ တနေ့  တနေ့(၇၀)ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။ဂျပန်နိုင်ငံမှာလည်း ပြည်တွင်းမှာ ရေဘေးအခက်အခဲကြုံနေသူတွေကို ရေလှူဒါန်းဖို့ အတွက် အလှူခံများကောက်ခံနေပြီဖြစ်တဲ့ အတွက် တတ်အားသမျှ ပါဝင်လှူဒါန်းကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
 ပြည်တွင်းက  ရှေ့မှီနောက်မှီ အဘိုးအို ပြောသွားတာကတော့ ဘာရွေးကောက်ပွဲတွေ၊  ခွေးကောက်ပွဲတွေမှ မလိုဘူး ရေပဲလိုတယ်ဟု ဒေါသတကြီး တုန့်ပြန်  ပြောဆိုသွားပါတယ်။ ပြည်တွင်းမှ ရေအခက်အခဲ ဖြစ်နေတဲ့ ပြည်သူများရဲ့  ဓာတ်ပုံများ ဆက်လက်ဖော်ပြပေးပါမည်။
ပြည်တွင်းက  ရှေ့မှီနောက်မှီ အဘိုးအို ပြောသွားတာကတော့ ဘာရွေးကောက်ပွဲတွေ၊  ခွေးကောက်ပွဲတွေမှ မလိုဘူး ရေပဲလိုတယ်ဟု ဒေါသတကြီး တုန့်ပြန်  ပြောဆိုသွားပါတယ်။ ပြည်တွင်းမှ ရေအခက်အခဲ ဖြစ်နေတဲ့ ပြည်သူများရဲ့  ဓာတ်ပုံများ ဆက်လက်ဖော်ပြပေးပါမည်။ဒီမိုဝေယံ မှကူးယူတင်ပြပါသည်။
 


 
 


 
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်