Sunday, April 18, 2010

ဘာကြောင့် ဗုံးပေါက်ကွဲ မှု တွေဖြစ်နေသလဲ

ရန်ကုန် ဗုံးပေါက်ကွဲမှု မြစ်ကြီးနား မြစ်ဆုံ ရေကာတာ ဗုံးပေါက်ကွဲမှု ၊ ရခိုင်ပြည်နယ် ကျောက်တော် မြို့  နအဖ မန်းတပ်ပေါက်ကွဲမှု တွေ က မြန်မာ ပြည်မှာ နိင်ငံရေးအရ တင်းမာမှု ဟာအထွတ်အထိပ်ကိုရောက်လာပြီဆိုတာကို အထင်အရှားပြသလိုက်တာပဲ။ မပြေလည်ဘူး ဆိုတာ ပြနေတယ်။ မကျေနပ်ဘူးဆိုတာကို ပြောနေတယ်။

ဒါက မြန်မာ ပြည်မှာဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ နိင်ငံရေး၊ တိုင်းရင်းသားအရေး ပြသာနာတွေဟာ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ လိုနေပြီ ဆိုတာကို ပြောနေတယ်။

ဒီထက် ပြင်းထန်တဲ့ လူထု ပေါက်ကွဲမှုကြီး လည်း မကြာခင်ဖြစ်တော်မဲ့ လို့  သတိပေးနေသလို ရှိတယ်။ ဒါကို အလေးအနက် သတိပြုရမယ်။


ဒေါ်စုနဲ့ နိင်ငံရေးအကျဉ်းသား လွတ်ပေး ၊ နိင်ငံရေးပြသာနာတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖြေရှင်း နိင်မှသာ ဒီလို ပြသာနာတွေကို ရပ်တန့် နိင်မှာ ဖြစ်တယ်။ ဗိုလ်ချုပ်သန်းရွှေ နဲ့  သူမိသားစု ဟာ ပြည်သူချဉ်ပတ်ဖြစ်နေတယ်။ လူမုန်းများနေတယ်။ သူတို့ အကြောင်းကို တပ်မတော်ထဲက တပ်မှုးတပ်သားတွေ၊ အရင်ဦးနေ၀င်းလက်ထက်က တပည့် သားမြေးတွေ၊ ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ထောက်လှမ်းရေး ကွန်မြူနတီ ၊ တိုင်းရင်းသား၊ ဒီမိုကရေစီအင်အားစုတွေဟာ ဒီနေ မြန်မာ ပြည်ရဲ့  ပြသာနာ ပေါင်းစုံကိုဖန်တီးနေတာ အဆီအနစ်တွေကို ဂုတ်သွေးစုတ်နေတာ ဦးသန်းရွှေ နဲ့ မိသားစုပဲဖြစ်တယ်ဆိုတာကို ပို ပြီး သိနားလည်လာကြတယ်။

ဒါကြောင့် သူတို့ မိသား စု နဲ့ ပတ်သက်နေတဲ့သူတွေ၊ သူတို့ မိသားစု နဲ့  စီးပွားလုပ်နေသူတွေကို ပါ လူထုက မုန်းတီးလာတာကို ပြသာနေတယ်။ ဒါဟာ သဘာဝ ကျပါတယ်။ ရန်ကုန် ပေါက်ကွဲမှုကြောင့် စစ်ဒေသမှုးတဦး၊ ကြံဖွတ်တွေ၊ စွမ်းအားရှင်တွေပါသွားတယ်လို့ သိရတယ်။


ဒီနေ့ အထွေထွေ ပတိပက္ခကြီး မှာ ပြည်သူလူထု ရဲ့ လုံခြုံရေးက အရေးကြီးဆုံး အချက်ဖြစ်တယ်။ ဒါကို ကျနော်တို့ အလေးနက်ထားရမယ်။ ပြည်သူလူထုအနေနဲ့  ဒီမိသားစုနဲ့ ပတ်သက်နေဲ့ စီးပွားရေးနဲ့ လူမှုရေးပွဲလမ်း တွေကိုရှောင် ကြဖို့  အသိသေးသင့်တယ်။

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....