Monday, March 8, 2010

မြန်မာနိုင်ငံအတွင်းရှိ တိုင်းသူပြည်သားများနှင့် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်းမေတ္တာ ပို့သပွဲ....

ယနေ့ ဂျပန်နိုင်ငံတိုကျိုမြို့ Ikebukuro အရပ်၌ အပြည်ပြည်ဆိုင်ရာ သံဃာရုံးခန်း ဂျပန်ဋ္ဌာနခွဲ(ISO)မှ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းသူပြည်သားများနှင့် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်းမေတ္တာ ပို့သပွဲ....ကို ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ဆရာတော်အရှင်ဓမ္မဇောတိမှ မေတ္တာတရားတော်များ ချီးမြှင့်ပြီး မြန်မာနိုင်ငံသားများအတွက် ဆုတောင်းမေတ္တာပို့သကာ.. အမျှပေးဝေခဲ့ကြပါတယ်။

အခမ်းအနားသို့ အင်္ဂလန်နိုင်ငံသား ဗုဒ္ဓဘာသာဝင် စာရေးဆရာနှင့် ဓာတ်ပုံပညာရှင် ဘလော့ဂါတစ်ဦးဖြစ်တဲ့ မြန်မာအရေးထောက်ခံအားပေးသူ မစ္စတာEL-Braden မှလည်းလာရောက်ပူးပေါင်း ဆုတောင်း မေတ္တာပို့သပေးခဲ့ပါတယ်။ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး ယခုအခါ ဗီဇာပိတ်ပင်ခြင်းခံထားရတဲ့ မစ္စတာEL-Braden မှမြန်မာပြည်တွင်းမှ သူရဲ့အတွေ့အကြုံများကို ရှင်းလင်းပြောပြခဲ့ပြီး အခမ်းအနားကို တို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ ရွတ်ဆိုပြီး ရုပ်သိမ်းလိုက်ပါတယ်။

မြန်မာ့အရေးထောက်ခံတဲ့ မစ္စတာEL-Braden ဘလော့တွေကတော့မစ္စတာEL-Braden နဲ့ The Mystic Traveller ဘလော့
တို့ဖြစ်ပါတယ်။

ပေးပို့သူ။ ။ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါကြောင်း...

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....