Thursday, March 25, 2010

နအဖတို့  အကျိုးလိုလို့  ညောင်ရေလောင်းနေကြပါပြီ။

မနေ့ ညက ရန်ကုန်မြို့ ၊ ဒလမြို့ နယ် အံ့ကြီး အရှေ့ ရပ်ကွက်ကို နအဖရေတပ်က စစ်ဗိုလ်လေးယောက်လာပြီး ဘာတွေ လိုအပ်သလည်းလို့ မေးပြီး စာရင်းတွေ ကောက်သွားပါတယ်။ ပြီးတော့ မူလတန်းကျောင်းကို အလယ်တန်းကျောင်းဖြစ်အောင် လုပ်ပေးမယ်လို့ပြောသွားပါတယ်။ ကျောင်းကိုလည်း ပြန်လည်ပြုပြင်ဆောက်ပေးမယ်လို့ ပြောသွားပါတယ်။ ယခင်က ဒီလိုမျိုး တခါမှ လာမပြော လာမလုပ်ပေးဘူးပါလို့  ရပ်ကွက်သူ ရပ်ကွက်သားတွေက ပြောကြပါတယ်။

ယခုလို နအဖရဲ့ ရွေးကောက်ပွဲ ကျင်းပခါနီး အချိန်ကျမှ လာရောက်ပြီး မက်လုံးတွေပေးပြ အခွင့်အရေးတွေပေးပြနေတာဟာ ကျောင်းကို ကူညီချင်တာထက် ရွေးကောက်ပွဲမှာ နအဖလက်ပါးစေတွေ မဲရဖို့  ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်စည်းရုံးနေတာ သိသာလွန်းတယ်လို့  ကောက်ချက်ချပြောဆိုနေကြကြောင်း သိရှိရပါတယ်။
သတင်းရင်းမြစ်။ ။နစ်နေမန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....