(ဗဂျီအောင်စိုး)
ဆရာကြီးဗဂျီအောင်စိုးကို မြန်မာ ခေတ်သစ်ပန်းချီ လှုပ်ရှားမှု ခေတ်ဦးက ဦးခင်မောင်(ဘဏ်)၊ ခင်မောင်ရင်၊ ၀င်းဖေ၊ ပေါ်ဦးသက်တို့ နည်းတူ အရေးကြီးသော ခေတ်သစ်ပန်းချီ ဆရာကြီးတစ်ဦးအဖြစ် လူသိများပါသည်။ အထူးသဖြင့် သူ့ မဂ္ဂဇင်း သရုပ်ဖေါ် ပန်းချီများမှာ ကျော်ကြားလှသည်။
၁၉၆၀ ဇန်နဝါရီလထုတ်မြဝတီမဂ္ဂဇင်းမှ ဤကာတွန်းမှာ ၁၉၅၈-၆၀ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရ လက်ထက် လက်ဝဲနိုင်ငံရေးသမားများကို ဖမ်းဆီးပီး ကိုကိုးကျွန်း ပို့ခဲ့ခြင်းနှင့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ခြေရှုပ်ကြခြင်းကို သရုပ်ပီအောင် ဖော်ကျူးထားသည်။ စေတနာ အပြည့်နှင့် ပုံများပေးပို့ ကူညီသော Yin Ker ရင်ကာအား ကောင်းကင်က အထူးကျေးဇူးတင်သည်။
ကောင်းကင်စာတည်းအဖွဲ့ 
Wednesday, March 3, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်