Wednesday, March 3, 2010

နအဖအာဏာရူးတွေရဲ့  လူမဆန်သော တုန့် ပြန်မှ

ကျန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ က စတင်ပြီး အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက (၅) ဦးကို နအဖတွေက စစ်ခွေးတိုက်ထဲ ပို့ လိုက်တယ်လို့  သိရှိရပါတယ်။ သံဃာတော်တစ်ပါးပါ ပါဝင်ကြောင်း သိရှိရပါတယ်။ ကိုကျော်မျိုးနိုင်ကိုလည်း တိုက်ပိတ်ထားပြီး ဦးညီပုမှာ ကျန်းမာရေး ဆိုးရွားနေကြောင်း သိရှိရပါတယ်။
အဆိုပါ အစာငတ်ခံဆန္ဒပြသူတွေဟာ သူတို့ အသက်ကို ရင်းပြီး ရပိုင်ခွင့်ရှိတဲ့ အကျဉ်းသားအခွင့်အရေးများကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ က စာရေးတောင်းဆိုမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
နအဖအာဏာရူးတွေရဲ့  လူမဆန်မှုကတော့ ရိုင်းစိုင်းစွာတုန့် ပြန်တဲ့အနေနဲ့  စစ်ခွေးတိုက်ထဲ ပို့ တဲ့ လုပ်ရပ်ပါဘဲ။
 
The Power of People(http://www.niknayman-niknayman.co.cc/)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....