Sunday, March 14, 2010

လွတ်မြောက်နယ်မြေတနေရာရှိ(၂၂) နှစ်မြောက်မြန်မာ့ လူ့အခွင့်အရေးနေ့ အခမ်းအနား

မတ်လ (၁၃) ရက် စနေနေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ (၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်း အနား ကျင်းပသည်။ အခမ်းအနားတွင် နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ ကွယ်လွန်သူ ရဲဘော်ဖုန်းမော်နှင့် တကွ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသူများအတွက် ရေစက်ချတရားနာသည်။ နံနက် (၁၁) နာရီမှ (၁၂) နာရီအထိ ဖုန်းမော်နေ့ ဖြစ်မြောက်ရေးကော်မတီက အခမ်းအနား တက်ရောက်လာသူများကို အကျွေးအ မွေးဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လည် (၁၂) နာရီ ညနေ (၅) နာရီအထိ အခမ်းအနားတက် ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ တသီးပုဂ္ဂလ တက်ရောက်လာကြသူများက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လက်ရှိနိုင်ငံရေးအခြေအနေအရ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအ နိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်းကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတ ရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအား ပေးမည်ဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်သွယ်မေးမြန်းလိုသူ များ ဖုန်းမော်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်များဖြစ်သည့် ကိုသံဒုတ် (၀၈၆၁၁၉၈၀၉၁)၊ မန်းစိန် ဟန် (၀၈၁၉၇၃၁၉၈၂) နှင့် ကိုမင်းဇော် (၀၈၇၈၄၀၈၅၀၅) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းနှင့်ဓါတ်ပုံ...ကိုအရှည်ကြီး(မဲဆောက်)
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....