Tuesday, February 16, 2010

SAW ကျောင်းမှာ ကျင်းပတဲ့ မြန်မာနိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

ထိုင်းနိုင်ငံ မဲဆောက်မြို့ SAW ကျောင်းမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မြန်နိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဖေဖော် ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ မဲဆောက်မြို့ပေါ်က ရွှေ့ပြောင်းမြန်မာကျောင်းတွေဖြစ်တဲ့ စေတနာကျောင်း၊ မိုးမခကျောင်း၊ ဆာမုထောကျောင်း၊ SAW ကျောင်းတို့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနား ပထမပိုင်းမှာ ကျောင်း သားလေးများရဲ့ ပြေးပွဲပြိုင်ပွဲများ ကျင်းပခြင်းနဲ့ ဒုတိယပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်များကို ဗိုလ်ချုပ် အမူအရာအတိုင်း မိန့်ခွန်းပြောပြိုင်များ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ကလေးများအတွက် သမိုင်းဗဟုသုတဖြစ်စေမယ့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ သမိုင်းမှတ်တမ်းဓါတ်ပုံများကိုလည်း ပြခန်းပြုလုပ် ပြသထားပါတယ်။


နေ့သစ်(http://naytthit.com)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....