Wednesday, February 17, 2010

သနားတယ်

မျက်နှာဖုံးစွပ်တွေ ၀ိုင်းရိုက်ကြလို့ သွေးတွေရွှဲနစ်
လောကကြီးလဲဖြစ်ချင်ရာဖြစ်ပလေ့စေတော့
မိုးတို့ ဘယ်လိုပင်မှောင်မိုက်... အခုငါဂရုမစိုက်တော့ဘူး
အရေထူနေလို့ ...
ခဏခဏလဲကျရလွန်းလို့ ပွန်းပဲ့နေတဲ့ ငါ့ခြေထောက်တွေ
မခံမရပ်နိုင်အောင် နာကျင်နေလဲ
မြေကြီးပေါ် ဒရွတ်ဆွဲပြီး ဆက်လျှောက်ဦးမယ်...
(တိုးတိုး...ပြင်းပြင်းရယ်လျှက်)
ဒုက္ခရေ...ငါမလဲကျမချင်း ....
မင်းဆိုတဲ့ကောင်ကို ငါ..နင်း..ထားမယ်....

အောင်လင်းနိုင်
(အလွမ်းများနှင့်ဧရာဝတီဇါတ်ကား၏တွဲဘက်ဒါရိုက်တာ)
14.2.2010

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....