Sunday, February 28, 2010

နာဂစ်ကြောင့်နစ်မြုပ်ခဲ့သောသင်္ဘောနှစ်စင်း ပုံစံပြောင်းတည်ဆောက်ပြီး၍ ဒလ-ပန်းဆိုးတန်းကူးတို့ စတင်ပြေးဆွဲ

နာဂစ်ကြောင့်နစ်မြုပ်ခဲ့သော ပြည်တွင်းရေကြောင်းပိုင်သင်္ဘောနှစ် စင်းအား ပုံစံသစ်ဖြင့်တည်ဆောက်၍ ကူးတို့သင်္ဘောအဖြစ်ပြေးဆွဲစေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘောနှစ်စင်းမှာ ထီး လှိုင်ရှင်နှင့် ကျန်စစ်သားသင်္ဘောများ ဖြစ်ကာ မုန်တိုင်းဒဏ်ကြောင့်နစ်မြုပ် ပျက်စီးခဲ့၍ ဖျက်သိမ်းရမည့်ရေယာဉ် များအား အလုံသင်္ဘောကျင်းနှင့် ဒလ သင်္ဘောကျင်းများတွင် ပုံစံပြောင်း တည်ဆောက်ကာနှင်းမြူထူထပ်သော ရာသီများတွင်ပါ ပြေးဆွဲနိုင်ရန်ရေဒါ များတပ်ဆင်ထားပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင်စတင်၍ ဒလ-ပန်းဆိုးတန်း နှင့် ရန်ကုန်-ဆိပ်ကြီး-ခနောင်တို ကူး တို့များအဖြစ် ပြေးဆွဲပေးလျက်ရှိပြီ ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေး မှူးဦးစိုးတင့်က ပြောသည်။
"ထီးလှိုင်ရှင်ရေယာဉ်မနစ်မြုပ် ခင်က ဒလနဲ့ ကီလီပြေးဆွဲပေးနေတဲ့ ရိုရို-၁ မော်တော်ယာဉ်ကူးတို့ရေ ယာဉ်(မောင်းတက်မောင်းဆင်းရေ ယာဉ်)ပါ။ ကျန်စစ်သားရေယာဉ်က လည်း အရင်ကဒလ-ပန်းဆိုးတန်း ကူး တို့ရေယာဉ်ပါ။ နာဂစ်ကြောင့် ရေ ယာဉ်အစင်း၄၀ နစ်မြုပ်ခဲ့တာမှာ အ စင်း ၄၀ကိုပြန်ဆယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီမှာလဲ ဒီနှစ်စင်းက ဖော်ဖို့အခက် အခဲဖြစ်နေတာကြောင့် ဂျပန်နိုင်ငံက ကုမ္ပဏီကိုခေါ်ပြီး ဆယ်ယူပေမယ့် သူ တို့လည်းလက်လျှော့ပြီးလျော်ကြေးပေး ပြန်သွားတာမို့လို့ ဌာနအစီအစဉ်နဲ့ပဲ ကြိုးစားပြန်ဆယ်ယူခဲ့ရတာပါ။ ဆယ် ယူပြီးတော့ထီးလှိုင်ရှင်ကို ဒလသင်္ဘော ကျင်းမှာ ပုံစံပြောင်းတည်ဆောက်ပေး ခဲ့တာပါ"ဟုဦးစိုးတင့်ကပြောသည်။
Yangon Media Groupမှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....