Sunday, February 28, 2010

ဘလော့ဂါများအတွက် မင်္ဂလာသတင်း

သတ္တမနည်းပညာ ရပ်ဝန်းနှင့် မြန်မာဘာလောဂ်ဂါ ပရက်စ်တို့ စုစည်း စီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအသင်း R.S.F မှ ပေးအပ် ချီးမြင့်သော ၂၀၀၉ ခုနှစ်အတွက် “အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနဲ့စာပေဆု” ကို စည်းလုံးခြင်းရဲ့ အင်အား စတင်တည်ထောင်သူ ကိုဖိုးတရုတ်အား ပေးအပ်ချီးမြင့်ခြင်း ခံရကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျား။ ဒီဆုကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသော B.M.A (မြန်မာ့သတင်းသမဂ္ဂ) ညီလာခံတွင် ယနေ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ ယခုလို အောင်မြင်မှု ရရှိအောင် ပံ့ပိုးကူညီ ပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပမှ ဆောင်းပါးရှင်များနဲ့ မိတ်ဆွေ သင်္ဂဟများ၊ စစ်ဖက်နီးစပ်သူများ၊ ဒီမိုကရေစီ လိုလားသော တပ်မတော်အရာရှိများ၊ အားပေးဖတ်ရှုကြသော စာဖတ်ပရိသတ်များ၊ နည်းပညာဖြင့် ၀ိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
စည်းလုံးခြင်းရဲ့ အင်အားမှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....