Thursday, January 14, 2010

၂၀၁၀ ရွေးကောက်ပွဲအတွက် ဂျပန်တွင်လာရောက်ရှင်းပြမည့်ဘိုဥာဏ်ဝင်းကို ဆန္ဒပြပွဲများနှင့်ကြိုဆိုကြမည်

မကြာမီရက်များတွင်ဂျပန်နိုင်ငံ၊တိုကျိုမြို့၌ကျင်းပပြုလုပ်မည့်အရှေ့အာရှနှင့်လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံရေးဝန်ကြီးများအဆင့်တွေ့ဆုံဆွေးနွေးပွဲသို့နအဖစစ်အုပ်စု၏နိုင်ငံခြားရေးဝန်ကြီးဆိုသူဘိုဥာဏ်ဝင်းတက်ရောက်မည်ဟု သိရှိရသဖြင့်ု ဂျပန်ရောက်မြန်မာ့ဒီမိုအင်အားစုများမှ အင်အားအပြည့်နှင့် ကန့်ကွက်ဆန္ဒပြဖို့ပြင်ဆင်နေလျက်ရှိသည်။


၎ ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲ (The 4th Forum for East Asia-Latin America Cooperation (FEALAC) Foreign Ministers’ Meeting)ကို တိုကျိုမြို့တွင် ယခုလ ၁၆ ရက်(စနေ)နှင့် ၁၇(တနင်္ဂနွေ)နေ့များတွင် ကျင်းပပြုလုပ်မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဟုမ်းပေ့၌ထုတ်ပြန်ကြေငြာထားပြီး ၎င်းအစည်းအဝေးသို့ ဗိုလ်ဥာဏ်ဝင်းတက်ရောက်၍ မကြာမှီကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းတင်ပြမည်ဟုစုံစမ်းသိရှိရသည်။
ထို့အတွက်ကြောင့် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ၂၀၁၀ ရွေးကောက်ပွဲအတွက် မြန်မာပြည်သူလူထု၏သဘောထားရပ်တည်ချက်ကို ဂျပန်အစိုးရနှင့်တကွ နိုင်ငံတကာမှခေါင်းဆောင်များသိရှိရန် ဆိုင်းပုဒ်များ၊ ပိုစတာများကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြကြမည်ဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်တောင်းဆိုထားသည့် ရွှေဂုံတိုင်ကြေငြာချက်ကို ဂျပန်-အင်္ဂလိပ်နှစ်ဘာသာရိုက်နှိပ်၍ ဖြန့်ဝေမည်ဟုလည်းသိရသည်။
လုံခြုံရေးအရ အစည်းအဝေးကျင်းပမည့်နေရာကို ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း တည်းခိုမည့်နေရာမှာ Yotsuya ဘူတာအနီးရှိ New Otani Hotel(ယခင်ကြံဖွံ့ခေါင်းဆောင်ဘိုဌေးဦးနှင့် ဘိုသိန်းစိန်တည်းခိုခဲ့သည့်နေရာ)ဖြစ်သည်ဟု အဆိုပါဆန္ဒပြပွဲကိုဦးစီးဦးဆောင်ပြုလုပ်မည့် JAC ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ရေးသားသူ ။ ။ moethaukkye
ကိုစိုးဝင်းရှိန်မှပေးပို့ပါသည်။ 





ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....