Thursday, January 7, 2010

ဇန်နဝါရီလ ပထမပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်

၂၀၁၀ ခုနှစ် နှစ်သစ် ဇန်နဝါရီလ ပထမပတ် တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ အမေရိကန်-မြန်မာ ဆက်ဆံရေး နောက်ဆက်တွဲ - အမေရိကန်အစိုးရ မြန်မာ့လွတ်လပ်ရေးနေ့ သဝဏ်လွှာပို့။ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ရဲ့  မြန်မာ့အရေး အိတ်ဖွင့်ပေးစာ။ ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာအစိုးရပြန်လည်လက်ခံဖို့။ အင်ဒီးယားနားပြည်နယ် (Indiana) ဖို့ဝိန်မြို့  (Fort Wayne) နေ မြန်မာဆယ်ကျော်သက်နှစ်ဦး သေဆုံးမှုသတင်း။ အီရန် (Iran) နိုင်ငံမှာ လူထုဆန္ဒပြပွဲများ ဆက်လျှက်ဖြစ်ပွားနေမှု။ သမ္မတအိုဘားမား လေကြောင်းလိုင်းများ တိုက်ခိုက်မှုအန္တရာယ် ကာကွယ်ရေးတိုက်တွန်းပြောဆိုချက်။ ကာတွန်းဟန်လေးရဲ့  ‘နှစ်သစ်သို့ချီ’ ကာတွန်းလက်ရာ။ မြန်မာပြည်မှာ ကျင်းပပြုလုပ်နေတဲ့ ကားပြိုင်ပွဲအကြောင်း သိကောင်းစရာ။ အရှေ့ တောင်အာရှ သဘာဝ ဘေးဒဏ်များအကြောင်း။ အာရှဒေသ ဗွီဒီယို၊ ကွန်ပြူတာ ခိုးကူးခွေများအကြောင်း။ ထိုင်းနိုင်ငံရောက် မြောက်ကိုရီးယား ဒုက္ခသည်များ။ အီဂျစ်နိုင်ငံ (Egypt) ကိုင်ရိုမြို့  (Cairo) အမှိုက်ပြဿနာ။ နယူးရော့ခ် (New York) ရှိ မြန်မာ့စာသောက်ဆိုင်များ စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းများကို တင်ပြထားပါတယ်။








By VOA Burmese

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....