Monday, December 14, 2009

VOAသတင်းဌာန၏ ဒီဇင်ဘာလ တတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်

ဒီဇင်ဘာ ၁၃-၂၀၊ ၂၀၀၉ - ဒီတပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်မှာ
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နိုဘဲလ် ငြိမ်းချမ်းရေးဆု (Nobel Peace Prize) မိန့်ခွန်း ကောက်နုတ်ချက်။ ဒေါ်အောင်ဆန်းစုကြည် အမှု နောက်ဆက်တွဲ ဗဟိုတရားရုံး ဆုံးဖြတ်ချက်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တို့တွေ့ဆုံမှု။ (၆၁) ကြိမ်မြောက် လူ့အခွင့်အရေး အခမ်းအနား ကမ္ဘာ့တဝှမ်း ကျင်းပလုပ်ဆောင်မှုများ။ နိုင်ငံတကာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးနေ့ နဲ့ အင်ဒိုနီးရှားနိုင်ငံ လူထုတောင်းဆိုမှု။ ကာတွန်းဟန်လေးရဲ့  'ဖေါင်းပလေ့စေ' ကာတွန်းလက်ရာ။ ဒိန်မက်နိုင်ငံ (Denmark) ကိုပေဟေဂင်မြို့  (Copenhagen) မှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာညီလာခံ အကြောင်း။ ၂၀၀၈ သဘာဝဘေးဒဏ်သင့် မြန်မာနိုင်ငံ နဲ့ အန်အယ်လ်ဒီရဲ့  ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေမှု။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးဒဏ် ကာကွယ်ပြင်ဆင်မှု လုပ်ဆောင်မှုများ။ တီဘီအဆုတ်နာရောဂါ တိုက်ဖျက်ရေး လုပ်ကိုင်နေမှု။ မြန်မာ-တရုတ် စီးပွားရေးကုန်သွယ်ရေး မညီမျှမှု။ ဦးဝင်းဖေရဲ့  အနုပညာ အတို့အမြုပ်ကဏ္ဍ 'စွန့်ပစ်ပစ္စည်းလုပ် အနုပညာလက်ရာများ' စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းဆောင်းပါးများကို တင်ဆက်ထားပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....