Tuesday, December 22, 2009

ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ အချိန်ပိုင်းအလုပ်နေရာလွတ်များ

မင်္ဂလာပါရှင်..
ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ အချိန်ပိုင်းအလုပ်နေရာလွတ်များထဲမှ မြန်မာလူမျိုးများနှင့်
အဆင်ပြေနိုင်တယ်လို့ ယူဆရတဲ့ အချိန်အလုပ်များကို internet စာမျက်နှာပေါ်မှ
ဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်။
ကျမရဲ့ အချိန်အခက်အခဲကြောင့် ဒီအပါတ်အတွက်တော့အလုပ်နေရာ(၁၀)လောက်ပဲ
တင်နိုင်တာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။
အောက်မှာရေးထားတဲ့ အလုပ်များနှင့်ပါတ်သက်ပြီး ရေးထားတာထက်ပိုပြီးအသေးစိတ်
သိလိုပါလျှင်(ဥပမာ...အလုပ်နေရာလိပ်စာ အတိအကျ၊ခရီးစားရိတ်..စသဖြင့်ပေါ့)
nandarmyanmar@gmail.com ကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။
internetထဲမှာရေးထားသမျှတော့ ပြန်ဖြေနိုင်ပါလိမ့်မယ်။
ကျမ အလုပ်ပွဲစားမဟုတ်ပါ။
ဂျပန်နိုင်ငံ၊အထူးသဖြင့် တိုကျိုမှာရှိကြတဲ့မြန်မာလူမျိုးအားလုံးကို ကျမနဲ့သိသိ၊မသိသိ
ကျမမိတ်ဆွေများ လို့ပဲသဘောထားပါတယ်။
ကျမရဲ့  ဒီအလုပ်နေရာလွတ်လေးတွေကိုဖတ်မိပြီး အတိုင်းအတာတခုလောက် အဆင်ပြေသွားတယ်
ဆိုရင်ပဲကျေနပ်ပါတယ်။
အဲသည့်ပီတိကို(ကုသိုလ်ကို)လိုချင်လို့ ကျမတတ်နိုင်တာလေးကို အသုံးချပြီး ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။
အဆင်ပြေမယ်ဆိုရင်၊ကျမ အချိန်လည်းရမယ်ဆိုရင် နောက်အပါတ်မှာ သည့်ထက်မက ရေးတင်နိုင်အောင်
ကြိုးစားပါ့မယ်။တနင်္လာနေ့တိုင်း အလုပ်နေရာအသစ်တွေ ပေါ်ပါတယ်။
ကျမမိတ်ဆွေများအတွက် အသုံးဝင်ပါစေလို့ ဆန္ဒပြုပါတယ်။

အလုပ်လျှောက်ရာတွင်သုံးသော ကိုယ်ရေးရာဇဝင်ဖောင်အတွက်ကတော့ အခမဲ့ပါပဲ Print ယူနိုင်ပါပြီ။
Work

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....