Tuesday, December 22, 2009

ဒီဇင်ဘာလ စတုတ္ထပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်

ဒီတပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံခြင်း။ မြန်မာနိုင်ငံမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ကိုညီညီအောင် လွတ်မြောက်ရေး အမေရိကန်ခေါင်းဆောင်များ တိုက်တွန်းပြောဆိုခြင်း။ အမေရိကန် ဗဟိုအစိုးရ တရားရုံးက ဆွစ်ဇလန်နိုင်ငံ Credit Suisse ဘဏ်ကို ဒဏ်ငွေရိုက် အရေးယူလုပ်ဆောင်ခြင်း။ ဒိန်မက်နိုင်ငံ (Denmark) ကိုပေဟေဂင်မြို့  (Copenhagen) မှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာညီလာခံ နောက်ဆက်တွဲ။ ဖိလစ်ပိုင်နိုင်ငံ (Philippines) ခရစ်စမတ်ဆုတောင်းပွဲအကြောင်း။ ကာတွန်းဟန်လေးရဲ့  'စီးပွားရေး မြွေအလမ္မာယ် ပြပွဲကြီး' ကာတွန်းလက်ရာ။ မြန်မာပြည် ဘိန်းစိုက်ပျိုးမှု တိုးတက်နေကြောင်း UNODC (United Nations Office on Drugs and Crime) အစီရင်ခံစာ။ မြန်မာနိုင်ငံအတွင်း အင်တာနက် သုံးစွဲနေမှု အခြေအနေ။ အာရှနိုင်ငံများမှာ ဆူနာမီ (Tsunami) ကြိုတင်သတိပေးချက်များ နဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ။ လူတိုင်းပါဝင်နွှဲပျော်ကြတဲ့ ခရစ်စမတ်ပွဲတော်အကြောင်း။ တောင်အာဖရိက သမ္မတဟောင်း Nelson Mandela နဲ့ Rugby အသင်းအကြောင်း ရိုက်ကူးထားတဲ့ Invictus ဟော်လီဝုဒ် ရုပ်ရှင်ကားအကြောင်း စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းဆောင်းပါးများကို တင်ပြထားပါတယ်။





No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....