Monday, December 3, 2012

ကြိုးစားကြည့်မယ်

ကျွန်တော် ပထမဆုံး အစ်မကြီး မနန္ဒာကို ကျေးဇူးတင်ကြောင်းပြောပါရစေ....
ကျွန်တော့်ကို အမြဲတမ်းကြိုးစားချင်အောင် အားပေးတဲ့ အစ်မကြီး.....အမြဲလည်း သွန်သင်ဆုံးမပေးပါတယ်...
ပြီးတော့ ဒီနေ့ ကျွန်တော် ဖြစ်ချင်တာလေး တစ်ခုကို ပြောပြတော့ ချက်ချင်းပဲ ကျွန်တော့်ကို ကူညီပေးပါတယ်...
ကျွန်တော်တို့ ဇီးကုန်း (ထန်းတပင်)မှာ စာပေဟောပြောပွဲ လုပ်ဖို့ စာရေးဆရာတွေရဲ့ ကိုယ်ရေးအကျဉ်းတွေကို ပွဲစီစဉ်တဲ့ ဆရာက ဒီနေ့ မနက်မှာ ရှာခိုင်းပါတယ်..
ကျွန်တော်ပဲ မရှာတတ်တာလား....ရေးထားတာ မရှိလို့ဘဲလား မသိဘူး...
စာရေးဆရာတွေရဲ့ ကိုယ်ရေးအကျဉ်းတွေကို ရေးထားတဲ့ blog (သို့) စာတွေကို မတွေ့ရပါဘူး...
ဒါနဲ့ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားပါတယ်....
သူများတွေ နိုင်ငံမှာဆိုရင် စာရေးဆရာပဲ ဖြစ်ဖြစ်..စီးပွားရေးသမားတောင် ကိုယ်ရေးအကျဉ်းတွေ...သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ရေးထားတဲ့ blog တွေ အများကြီးကိုတွေ့ရပါတယ်....
စိတ်ကူး တစ်ခုရတာက...ကျွန်တော်တို့ နိုင်ငံက စာရေးဆရာတွေရဲ့ ကိုယ်ရေးအကျဉ်း(Profile) တွေကို တတ်နိုင်သလောက် ရှာဖွေပြီးတော့ ပြုစုချင်ပါတယ်....

ဝိုင်းဝန်းကူညီပေးကြပါလို့လည်း တောင်းဆိုပါရစေ....
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ...
banyarkying@gmail.com မှာ အကြံဥဏ်များ ပေးနိုင်ပါတယ်ခင်ဗျာ..
အားလုံးကို ကျေးဇူးတင်ပါတယ်..

ဗညားကြိုင်...

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....