Saturday, September 8, 2012

သတင်းသမားဆိုရင် မျှတစေချင်လွန်းလို့ ပါ ...


ဒေါ်မေသင်္ကြန်ဟိန် ခင်ဗျာ့

ဦးမိုးသီးဇွန်နှင့် ဦးနိုင်အောင်တို့ မြန်မာပြည် ရောက်နေခိုက်မှာ သူတို့ ကျုးလွန် ခဲ့ပါတယ်လို့ ပြောနေကြတဲ့ တောင်ပိုင်း မြောက်ပိုင်း အကြောင်းတွေ "မိုးသီးဇွန်နှင့် အဖွဲ့ မြန်မာပြည်ခရီး" ဆိုတဲ့ ဆောင်းပါးတွေ နှင့်အတူ လူ့အဖွဲစည်း အတွင်း မတရားမှု ရာဇ၀တ်မှုတွေကို လက်မခံနိုင်တဲ့ စိတ်ဓါတ်နှင့် တက်ကြွသော သတင်းထောက် လူငယ်တွေ အကြောင်း ဒေါ်မေသင်္ကြန်ဟိန် ရေးထားတာ။ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတရေး အတွက် အားရစရာပါ။ ဒီနောင်တော်တွေလဲ ကျုးလွန်ခဲ့ ရိုးမှန်ရင် ဥပဒေ ဆိက်ကွယ်ရာ မရှိလောက် တော့ပါဘူး။ သူတို့အပြစ် သူတို့ ခံကြရမှာပါ။ တရားဥပဒေ အတိုင်း ဆက်ကြပါ။ ဥပဒေ အောက်ကို သွားကြပါ။ သူတို့လဲ ရင်ဆိုင် ဖြေရှင်းမယ်လို့ ပြောတာ ဖတ်လိုက် ရပါသည်။ ဒီအချိန်မှာ ဒ်ါမေသင်္ကြန်ဟိန် အားတက်သရော ပါဝင် လာတာတွေ့ရလို့ ကျေးဇူးတင်ပါတယ်။ တဆက်ထဲမှာ ဒေါ်မေသင်္ကြန်ဟိန် ကို မေးခွန်းနည်းနည်း မေးလိုပါသည်။

ကျနော်မေးလိုတဲ့မေးခွန်းက

ဒေါ်မေသင်္ကြန်ဟိန် တရားမျှတရေး ဥပဒေစိုးမိုးရေး အတွက် မြန်မာအစိုးရက ကျုးလွန်ခဲ့တာတွေကို ပြောတာ မတွေ့သေးပါဘူး။

ပြီးခဲ့တဲ့ ဆဲဗင်းဂျုလိုင် နှစ်ပတ်လည်အခမ်းနား ကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်နှင့်ခွဲပြီး ကျောင်းသားတွေ အသတ်ခံခဲ့ရတဲ့ အခမ်းနားကိုတော့ ခန်းခန်း နားနား လုပ်မယ့်အစား လှူပစ် ပါလားလို့ ဒေါ်မေသင်္ကြန်ဟိန် ဝေဖန်ပြီး။ အစိုးရ ကျုးလွန်တဲ့ အခန်းဂဏ္ဍကို မှေးမိန်သွားအောင် ၀ိုင်းလုပ်တာက အစိုးရ ကျုးလွန်တာတွေကို မှန်တယ်လို့ပြောတာလား။

မြန်မာအစိုးရ၏စစ်တပ်ကိုတော့ အာဏာရှိလို့ လုပ်ခွင့်ရှိတယ်ဆိုပြီး ခွင့်လွှတ်တာလား သိချင်ပါသည်။

မြန်မာအစိုးရနှင့် စစ်တပ်မှ ကျုးလွန်ခဲ့တာတွေကို ဒေါ်မေသင်္ကြန်ဟိန်၏ ဂျာနယ်မှာ ဒါမှမဟုတ် ဖေ့ဘုတ်စာမျက်မှာ ဖေါ်ပြပေးပါလား။ အခု ကျောင်းသား တပ်မတော် ABSDF ကိစ္စကို လုပ်နေ သလိုမျိုးပေါ့ဗျာ။

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးအတွက် အမည်မပေါ်သေသွားရတဲ့ လူတွေ ကျောင်းသားလေးတွေ ကျောင်းသူလေးတွေ အတွက် အခုဖြစ်နေသလို ခံပြင်းမှုတွေ စိတ်မှာ မခံစား ရဘူးလားဗျာ။
မေးခွန်းတွေကတော့ ဒါပါပဲဗျာ တဆက်ထဲ အစိုးရကိစ္စတော့ ရှင်တို့ လုပ်ကြ ပါလို့ ပြန်မပြောနှင့်နော်ဗျ။ ဒေါ်မေသင်္ကြန်ဟိန်က ပြည်တွင်းအတွက် ပြည်တွင်းမှာ ချဉ်ပေါင်ရွက်နှင့် ငပိရည်စားပြီး မလုပ်နိုင်ရင် မပြောနှင့် ဆိုလို့ လောလောဆယ် ပြည်တွင်း မရောက်လာနိုင်သေးလို့ပါ။ ဒီအချိန်မှာ ဒေါ်မေသင်္ကြန်ဟိန် အခုလို ကျောင်းသား တပ်မတော်ကိစ္စ စိတ်ဝင်စားတာ တွေ့လို့။ မြန်မာစစ်အစိုးရတပ်မတော် ကျတော့ရောဗျာ မေ့နေလားလို့ပါ။ မျှမျှတတပေါ့ လုပ်လက်စနှင့် တဆက်ထဲ လုပ်ပေးပါဗျာ အားကိုးတကြီးနှင့် လှမ်းပြောတာပါ။


ရဲမင်းထွန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....