Thursday, September 6, 2012

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာတိုင်းရင်းသားများမှ ဆန္ဒသဘောထား ထုတ်ဖေါ်တောင်းဆို

 


၂၀၁၂ ခုနှစ် စက်တင်ဘာလ  ၅ ရက်။
 
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဒေသအတွင်း ခိုးဝင် ရောက်ရှိလာသော မိမိကိုယ်ကို ရိုဟင်ဂျာ ဆိုသူ ဘင်္ဂလီကုလားများ အရေးသည် မြန်မာနိုင်ငံ၏ အနာဂတ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုကို ဖြစ်နိုင်သည့်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာနှင့် အမျိုးဘာသာ၊ သာသနာကို ထိပါးလာနေပြီ ဖြစ်သည့်အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့မှ တိုကျိုမြို့ရှိ UN ကုလရုံးရှေ့၌ သွားရောက် ဆန္ဒသဘောထား ထုတ်ဖေါ် တောင်းဆိုခဲ့ကြတာ ဖြစ်ပါသည်။
 
 
ဆန္ဒထုတ်ဖေါ်ပွဲ ပတ်သက်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့မှ မြန်မာတိုင်းရင်းသား လူမျိုးများထဲတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ခိုးဝင်လာကြသူများသာ ဖြစ်ကြကြောင်း မြန်မာနိုင်ငံကို ကမ္ဘာက အထင်အမြင်လွှဲအောင် အကွက်ကျကျ စီမံပြီး ဓါတ်ပုံ အတုအရောင်များကို သုံးစွဲကာ လိမ်လည်ဝါဒဖြန့် တိုက်ခိုက်သည့် လုပ်ရပ်အား ရှုတ်ချကန့်ကွက်ခဲ့ကြောင်း ယနေ့ချိန်ထိ ရခိုင်ဒေသ၌ အကြမ်းဖက် လုပ်ရပ်များ ရှိနေသည့်အတွက် ဌာနေ ရခိုင်တိုင်းရင်းသားများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရကြောင်းကို နိုင်ငံတကာမှ သိရှိလာစေရန် လာရောက်ပြီး ဆန္ဒထုတ်ဖေါ် ပြသခဲ့ကြပါသည်။

ထိုအပြင် မိမိတို့၏ သဘောထား ဆန္ဒသဘောထားများကို UN အတွင်းရေးမှူးထံသို့ တိုက်တွန်း တောင်းဆိုသည့် စာတစောင် ပေးပို့ခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် ဘာသာရေး အဓိကရုန်း ဖြစ်ပေါ်လာအောင် အကြမ်းဖက် လုပ်ရပ်ကို ထောက်ခံအား အစ္စလမ်နိုင်ငံ တချို့ကိုပါ သဘောထားစာ သွားရောက် ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းဓါတ်ပုံမှတ်တမ်းကို အောက်ပါလင့်တွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။

သတင်းမှတ်တမ်း ။ မိုင်းကျော်ဦး
ရုပ်သံမှတ်တမ်း ။ maungwto


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....