Tuesday, September 18, 2012

မြစ်ကြီးနား မနောကွင်းရောက် ၈၈မျိုးဆက်ကျောင်းသားများ

မြစ်ကြီးနား စက်တင်ဘာ(၁၅) ---------------------------- ကချင်ပြည်နယ်သို့ရောက်ရှိနေကြသည့် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုပြူံးချို၊ ကိုသက်ဇော်နှင့် ကိုမာကီတို့သည် စက်တင်ဘာ(၁၅)ရက် နံနက်(၁၀း၃၀)နာရီတွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊မနောကွင်းရှိ မဂျွယ်ခန်းမဆောင်၌ ကျင်းပသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့တက်ရောက်ခဲ့ကြပြီး မင်းကိုနိုင်က မြတ်သောဧရာဝတီ ခေါင်းစဉ်ဖြင့်ပောာပြောဆွေးနွေးကာ၊ ကိုဋ္ဌေးကြွယ်၊ ကိုပြုံးချိုတို့က နှုတ်ဆက်စကားပြောကြားခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် မိုးလေ၀သပညာရှင်ဦးထွန်းလွင်၊ စာရေးဆရာကိုတာ၊ဦးညိုမောင်၊ ဆရာဝင်းမျိုးသူ၊ ဆရာမဒေါ်နီနီသိန်း၊ ဒူးဝါးဇော်ဂမ်၊ ရွှေတွံတေးဦးဝါယမ၊ ဘုန်းတော်ကြီးနော်ဒင် စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှားနေကြသူများနှင့်ပညာရှင်များလည်း တက်ရောက်ဟောပြောခဲ့ကြသည်။ ဆက်လက်၍ယင်းအခမ်းအနား၌ပင် ၈၈မျိုးဆက်ကျောင်းသားများက မကြာခင်ကကျင်းပပြီးစီးခဲ့သည့် ၈၈မျိုးဆက်ရန်ပုံငွေ စေတနာဝသန်ဂီတဖျော်ဖြေပွဲတွင်ရရှိခဲ့သော အလှူငွေများထဲမှ ကချင်စစ်ဘေးဒဏ်ခံပြည်သူများအတွက်ကျပ် သိန်း၂၀၀ အား လှူဒါန်းရာကချင်နှစ်ချင်းအသင်းချုပ်က ကျပ်သိန်း၅၀၊ ကချင်အမျိုးသမီးအဖွဲ့ကကျပ်သိန်း၅၀၊ မြစ်ကြီးနားကက်သလစ် အသင်းတော်က ကျပ်သိန်း၅၀၊ တို့ကိုအသီးသီးလက်ခံရယူခဲ့ကြပြီး ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ပူတာအိုအတွက် ကျပ် ၂၅သိန်း၊ ကိုလက်ခံရယူခဲ့ကြသည်။ ယနေ့ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲသည် မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများပြားကာ မဂျွယ်ခန်းမဆောင်အပြည့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို ညနေ(၅း၄၅)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။( မနက်ဖြန် မိုးကောင်း၊ ဖားကန့် ခရီးစဉ်တွင်လည်း ငွေကျပ် ၂၅ သိန်းကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်သည်။)
Photo by 88Generation Students

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....