Thursday, September 6, 2012

ယုဇန မှာ ယုယုယယ


မြန်မာအစိုးရက နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးပြီးနောက်
မြန်မာပြည် ပြန်လာခဲ့ကြတဲ့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီကနေ့
တွေ့ဆုံခဲ့ပါတယ်။

ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ မြန်မာပြည်အရေးကို အားလုံးဝိုင်းဝန်း ဖြေရှင်းဖို့နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ကူညီဖို့၊
ပြည်သူတွေ အကြား ဒီမိုကရေစီ အလေ့အကျင့်တွေ ထွန်းကားလာဖို့
မြန်မာပြည် ပြန်လာတာဖြစ်တယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မွန်ပြည်လုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး
ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....