Saturday, August 25, 2012

Valkyrie (သို့) စစ်တပ် အသိုင်းအ၀ိုင်းမှာ ရေပန်းစားခဲ့တဲ့ ရုပ်ရှင်

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့်ရဲ့ ဖေဖေ အပြင်ကနေ ပြန်လာပြီး ရုတ်တရက် ကျွန်တော့်ဆီ ၀င်လာကာ "သားရေ...ဂျာမန်စစ်ကား တခု... ရုပ်ရှင် ဇာတ်ကားရဲ့ နံမည်မေ့နေကြောင်း၊ အဲဒီ ရုပ်ရှင်အကြောင်း သူတို့ သူငယ်ချင်းတွေအကြား ရေပန်းစား ပြောဆိုနေလို့ ဖေဖေလည်
း ကြည့်ချင်ကြောင်း" ပြောခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်လည်း စစ်ရုပ်ရှင်တော်တော်များများကို ရှာဖွေမွှေနောက်ပါတော့တယ်။ ဒါပေမဲ့ မတွေ့သေးပါဘူး။

နောက်ပြီး ဗိုလ်ချုပ် တစ်ယောက်ရဲ့ ပီအေ (ကိုယ်ရေးအရာရှိ) အကိုကြီး တယောက်နဲ့ စားသောက်ဆိုင်မှာ တွေ့ဆုံရင်း စကားလက်ဆုံ ပြောဆိုကြရာကနေ အဲဒီ ဇာတ်ကားအကြောင်း ထပ်မေးမြန်းလာပါသေးတယ်။ ကျွန်တော်က အကိုကြီး ဒီဇာတ်ကား ဘယ်သူကြည့်မလို့တုန်းလို့ မေးရာ... အဘကလည်း စိတ်ဝင်စားလို့ ကြည့်ချင်တယ်ဆိုလို့ ရှာပေးနေရတယ်ကွာ... နောက်ပြီး အကိုကြီးတို့ အသိုင်းအ၀ိုင်းမှာလည်း အဲဒီ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး နှုတ်ဖျားကနေ တော်တော်များများ ပြောနေကြလို့ ညီလေးမှာ အဲဒီ ရုပ်ရှင်ဇာတ်ကားရှိရင် ပေးစေလိုကြောင်း ပြောလာပြန်ပါတယ်။

ကျွန်တော်နဲ့ ညီအကိုလိုနေတဲ့ ညီလေးတချို့ကလည်း အကိုကြီးရေ.....
ညီတို့ အဖေက ဂျာမန်စစ်ရုပ်ရှင်ကား နံမည်ကြီးမင်းသား သရုပ်ဆောင်ထားကြောင်း၊ လျှို့ဝှက်သည်းဖို ဖြစ်စရာ ကောင်းတဲ့အတွက် ရှာပေးစေလိုကြောင်း ပြောလာပြန်ပါတယ်။ သူတို့ အဖေတွေကလည်း လက်ရှိ တပ်မှာ တာဝန်ထမ်းဆောင်နေဆဲပါ။

စစ်ကားပေါင်း မြောက်မြားစွာ ရှိတဲ့အနက် ဒီစစ်ကားမှ ဘယ်လိုဖြစ်ပြီး စစ်တပ်အသိုင်းအ၀ိုင်းက လူတွေ စိတ်ဝင်စားရတာလဲ???? လှည်းတန်း လမ်းဆုံရှိ ဗွီဒီယို ခွေဆိုင်တွေကို ကျွန်တော်သွားရှာတော့ အဲဒီက ဆိုင်ရှင်တွေက အဲဒီ ရုပ်ရှင်ကားကို ယခင်က ဒီမှာ ရောင်းပေမဲ့ နောက်ပိုင်း ရောင်းခွင့်မပြုလို့ သိမ်းလိုက်ရကြောင်း၊ မရှိတော့ကြောင်း ပြောလာပြန်ပါတယ်။

နောက်ဆုံးကျမှ ရုပ်ရှင်ဂျပိုး သူငယ်ချင်းတစ်ယောက်ဆီမှာ ဒီအခွေကို ခက်ခက်ခဲခဲ ရှာဖွေ တွေ့ရှိပြီး ကြည့်လိုက်တဲ့အခါမှာတော့ စိတ်ဝင်စားလောက်အောင် ရိုက်ကူးထားကြောင်း တွေ့ရပါတယ်။

သူငယ်ချင်း မိတ်ဆွေများ လေ့လာကြည့်ရှုနိုင်အောင် ဇာတ်လမ်း အမြည်းကို တင်ပြပေးလိုက်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ ညာဘက်မှာ ရှိတဲ့ "HQ" ဆိုတာလေးကို နှိပ်ပြီး ကြည့်ရင် အမြည်း ရုပ်ရှင်ဇာတ်ကားကို ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်မှာပါ။

ဒီဇာတ်လမ်းမှာ တွမ်ခရုစ်က ဂျာမန် ဗိုလ်မှူးကြီး ကလပ်ဗွင် စတက်ဖ်ဖန်ဘာ့ခ်ျ Claus von Stauffenberg အဖြစ် သရုပ်ဆောင်ထားပါါတယ်။

ဒီဖြစ်ရပ်မှန် ဇာတ်ကားရိုက်ဖို့အတွက် တွန်ခရုစ်တစ်ယောက် အတော်အချိန်ကြာ လေ့ကျင့်ခဲ့ရပါကြောင်း အင်တာနက် စာမျက်နှာ တချို့မှာ ရေးသားထားခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာ ဟစ်တလာကို လုပ်ကြံတဲ့ ဂျာမန်ဗိုလ်ချုပ် ကလော့စ်ဗွန်စတောက်ဖွန်ဗက် အကြောင်းကို သမိုင်းအချက်အလက်တွေ ပြန်ရှာပြီး ရိုက်ကူးထားပါတယ်။

ဒီဇာတ်လမ်းမှာ တွန်ခရုစ်က ဗိုလ်မှူးကြီး တစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ဟစ်တလာကို လုပ်ကြံထားတဲ့ ဇာတ်လမ်းလေးပါ။ မင်းသားနဲ့ သူအထက် အရာရှိတချို့ဟာ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေကို သဘောမကျတာကြောင့် နည်းအမျိုးမျိုးနဲ့ လုပ်ကြံတာကို စိတ်ဝင်စားဖွယ် အသည်းယားဖွယ် ဖြစ်အောင် ရိုက်ပြထားပါတယ်။

ကလေး ၂ ယောက်အဖေ တွန်ခရုစ်နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိကလေး တို့ရဲ့ ဟစ်တလာကို အောင်မြင်စွာလုပ်ကြံ နိင်ခဲ့ပြီလို့ ထင်နေခဲ့ကြပါတယ်။ ဒါကြောင့် ဟစ်တလာရဲ့ SS အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတုန်းမှာပဲ ကြေးနန်းက ဟစ်တလာ မသေဘူးလို့ ပြန်ထွက်လာတဲ့ အချိန်မှာတော့ တွန်ခရုစ်နဲ့ သူ၏ အထက်အရာရှိများဟာ......

မြန်မာနိုင်ငံမှာလည်း ယခုလို စစ်အာဏာသိမ်းမှု ကြံစည်ဆောင်ရွက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ရှိခဲ့ပါတယ်။ ဒီအကြောင်း မကြာမှီ ကျွန်တော့် ဖေ့စ်ဘွတ်မှာ ထုတ်ဖော်ရေးသား တင်ပြ သွားပါမယ်။ စောင့်မျှော်ဖတ်ရှုကြပါလို့ တိုက်တွန်းပါရစေ။

ဒီဗွီဒီယိုကို လွတ်လပ်စွာ Share ပေးလို့ ရပါတယ်။ ရှယ်ပေးလို့လည်း ကျေးဇူးတင်ပါတယ် ခင်ဗျား။
မူပိုင် ကိုဖိုးတရုတ် 


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....