Wednesday, August 8, 2012

၂၄ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနား(ဂျပန်)



၈ ရက် ၈ လ ၂၀၁၂ ခုနှစ်။

(၂၄)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲတို့မှ ဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် NGO အဖွဲ့များ ၊ ဂျပန်အလုပ်သမား သမဂ္ဂများနှင့် ဂျပန်လူမျိုးများ တို့လည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

အခမ်းအနားကို Gotanta ပန်းခြံမှာ နေ့လည်(၂း၃၀)နာရီကျော်မှာ စတင်ကျင်းပ ပြုလုပ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လူထုအုံကြွမှုမှာ စွန့်လွတ်စွန့်စား အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အာဇာနည် သူရဲကေါင်းအပေါင်းတို့ကို အလေးပြုခြင်း၊ ရှစ်လေးလုံး အဓိဌာန်ကို ရွတ်ဆိုပြီး အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ရှစ်လေးလုံး နှင့်ပတ်သက်သည့် နောက်ခံသမိုင်းကြောင်း တာဝန်ရှိသူများ ပြောကြားပြီးသည့်နောက် နေ့လည် (၃း၀၀)နာရီ တိတိတွင် ပန်းခြံကနေ စတင်ထွက်ခွါ ခဲ့ကြပါသည်။ ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီခံ နိုင်ငံရေး အကျဉ်းသားများ အားလုံး “ချက်ချင်းလွတ်” ၊ လူ့အခွင့်အရေး ချိုးဖေါက်နေမှုတွေ၊ တိုင်းရင်းသား ဒေသများအတွင်း အကြမ်းဖက် စစ်ဆင်နေမှုတွေ “ချက်ချင်းရပ်” အများပြည်သူက လက်မခံ တဖက်သတ် ရေးဆွဲထားသော 2008 ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရန်။ ပွင့်လင်းပြီး တရားမျှတသော ဥပဒေများ ပေါ်ပေါက်ရေ့းကို အမြန်ဆုံး ပြုလုပ်ပေးရန်စသည့် ဂျပန်နှင့် မြန်မာ နှစ်ဘာသာ ကြွေးကြော်သံများဖြစ် ချီတက် ဆန္ဒပြတောင်းဆို ခဲ့ကြပါသည်။

ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့၏ ဆန္ဒသဘောထားများ ထည့်သွင်း တောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက် တစောင်ကို သံရုံးသို့ ပေးပို့ခဲ့ပြီး ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား(၄၀၀)ကျော် တက်ရောက်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
ဓါတ်ပုံ...ကိုသာထက် (BCJP)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....