Friday, August 10, 2012

ကာလာမသုတ်တော်လာ တရားတော်အတိုင်း လွှတ်တော်အမတ်တွေ ကျင့်ကြံအားထုတ်သင့်


by Lwin Aung Soe on Friday, August 10, 2012 at 4:10pm ·


ကာလာမသုတ်တော်လာ တရားတော်အတိုင်း လွှတ်တော်အမတ်တွေ ကျင့်ကြံအားထုတ်သင့်

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ရန် ဥပဒေက မည်သို့ပြဌာန်းထားစေကာမူ အဆိုပါကိုယ်စားလှယ်သည် ကာလာမသုတ်ကို ယုံကြည်ရန် လိုအပ်ပါသည်။ ကာလာမ သုတ်တွင် ဘာတွေကို မြတ်စွာဘုရားက ပြောထားခဲ့ပါသလဲ- ဘယ်ဘာသာကို ကိုးကွယ်သူမဆို ဖတ်သင့်ပါသည်။ ထိုအတိုင်း လိုက်နာ ကျင့်ကြံနိုင်သူများကိုသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်ဟု မှတ်ထင်သင့်ပါသည်။ သို့မဟုတ်ပါက အဂတိတရား လေးပါးလုံးကို လွှတ်တော်တွင် ကျင့်သုံးကြခြင်းဖြင့် နိုင်ငံနှင့် ပြည်သူမှာ ဖွတ်မင်းခေါင် ဘ၀မှ လွတ်ရန်လမ်းမမြင်ပါ။
(Soe Myint)

အထက်ကစာကတော့ မိတ်ဆွေတဦးဖြစ်တဲ့ ကိုစိုးမြင့် ရေးတင်ထားတဲ့ သူ့ကိုယ်ပိုင် Status ထဲက ကူးယူဖော်ပြတာ ဖြစ်ပါတယ်။
သူရေးတဲ့စာကို ကျနော် သဘောကျပါတယ်။ ရှယ်ပေးမယ်လို့လည်း ဆုံးဖြတ်လိုက်ပါတယ်။


အခြေခံဥပဒေ (Constitution) ဆိုတာက လက်ရှိပစ္စုပ္ပန်မှာ အမြဲတမ်း အကောင်းဆုံး ဖြစ်နေအောင် ပြုပြင်သင့်တာမှန်သမျှ ပြုပြင်ပေးနေရမှာ ဖြစ်ပါတယ်။ ဒါက အခြေခံဥပဒေရဲ့ အနှစ်သာရပါပဲ။
ကနေ့ အကောင်းဆုံး ဆိုတာထက် မနက်ဖြန်မှာ ပိုကောင်းလာမှာလည်း ရှိနေတတ်ပါတယ်။ နိုင်ငံတခုရဲ့ ကာလ-ဒေသံ-ပယောဂံအရ အခြေခံဥပဒေကို လိုအပ်သလို အကောင်းဆုံး ဖြစ်နိုင်အောင် လုပ်ယူကြရတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ယူကြရာမှာ ဥပဒေပြု လွှတ်တော်အမတ်တွေ ကိုယ်တိုင်ကလည်း ဆရာတော် ဦးဇောတိကရဲ့ သြဝါဒအရဆိုရင် “ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ” ဖြစ်နိုင်စွမ်း ပိုအားကောင်းမှာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ သြဝါဒနဲ့ ကာလာမသုတ် (အင်္ဂလိပ်+မြန်မာ နှစ်ဘာသာ) ကို အင်တာနက်ပေါ်မှာ လွယ်လွယ်ကူကူ ရှာဖွေယူနိုင်တာဖြစ်လို့ ပူးတွဲဖော်ပြလိုက်ပါတယ်။

.........................................................

The Kkalamasutta in the Pitaka preached by the Buddha


1. Do not accept on ( mere) hearsay!
2. Do not accept anything by mere tradition!
3. Do not accept anything on account of mere rumours!
4. Do not accept anything just because it accords with your scriptures!
5. Do not accept anything by mere supposition!
6. Do not accept anything by mere inference!
7. Do not accept anything by merely considering the reasons!
8. Do not accept anything merely because it agrees with your pre-conceived notions.
9. Do not accept anything merely because it seems acceptable!
10. Do not accept anything thinking that the ascetic is respected by us!

ကာလာမသုတ်


၁။ ပြောသံ ကြားကာမျှဖြင့် မှန်ပြီဟု မယူသင့်။
၂။ ဘိုးဘေးအစဉ်အဆက် စကားမျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၃။ ဤသို့ ဖြစ်ဖူးသတတ် ဟူသော ရှေးစကား (ရာဇ၀င်သမိုင်းအထောက်အထား) မျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၎။ ပိဋကတ်စာပေနှင့် ညီညွတ်ဟုလည်း မှန်ပြီဟု မယူသင့်။
၅။ုကြံဆတွေးတော၍ ယူခြင်း (တက္ကဗေဒ) မျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၆။ နည်းမှီးယူခြင်းမျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၇။ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မှန်ပြီဟု မယူသင့်။
၈။ ငါ့တို့ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း မှန်ပြီဟု မယူသင့်။
၉။ မှတ်ယူထိုက်သော သဘောရှိကာမျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၁၀။ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း မှန်ပြီဟုမယူသင့်။

.........................................................

ကာလာမသုတ်ထဲမှာပဲ မြတ်စွာဘုရားက ကိုယ်ကိုယ်တိုင် ကျင့်သုံးကြည့်ပြီးတော့ အကျိုးရှိရင် လုပ်ပါတဲ့။ ကိုယ်တွေ့ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာကို အင်မတန် ဦးစားပေးတဲ့ မြတ်စွာဘုရား ဖြစ်တယ်။ ဘာလို့တုန်းဆိုတော့ ကိုယ်ပိုင်ဉာဏ်နဲ့ မသိပဲ ယုံကြည်နေရုံ သက်သက်ဟာ သိပ်ခရီးမရောက်ဘူး၊ မနက်နဲဘူး။ ဒါကြောင့် ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့၊ ကိုယ်တိုင် ဆုံးဖြတ်ဖို့၊ ကိုယ်တိုင် ရွေးချယ်ဖို့ ဆိုတာဟာ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ အင်မတန် အရေးကြီးတဲ့ အဆုံးအမ ဖြစ်နေတယ်။

ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။ အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘ၀ ကိုယ်နေသွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။ အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ်ကိုယ်တိုင်က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့်အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှန်တယ်လို့ သိလိုက်တဲ့ အချိန်ကျမှသာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။

(ဆရာတော် ဦးဇောတိက)
..............................................

ရွှင်လန်းချမ်းမြေ့ကြပါစေ။
လွင်အောင်စိုး
၁ဝ-၈-၂ဝ၁၂

.............

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....