Sunday, August 12, 2012

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် ကရင် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား




 ၂၀၁၂ သြဂုတ်လ (၁၂)ရက်။

(၆၂)နှစ်မြောက် ကရင် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပင်လယ်ရပ်ခြားရောက် ကရင်အမျိုးသားများ အဖွဲ့(ဂျပန်) OKO(Japan)မှ ဦးစီး၍ ဂျပန်နိုင်ငံရောက် ကရင်တိုင်းရင်းသားများ၊ မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး တိုကျို Toshima-ku Imai Ikebukuro, KUMIN Center 4F ၌ ယနေ့ ၁၂ ရက်နေ့ နေလည် ၁၂း၃၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနား အစီအစဉ်တွင် ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် အာဇာနည်များအား ဂါရ၀ပြုခြင်း လွမ်းသူ့ပန်းခွေချခြင်း ကရင်အမျိုးသားအစည်းအရုံ ဥက္ကဌ စောတာမလာဘော ၏ (၆၂)ကြိမ်မြောက် ကရင်အာဇာနည်နေ့သို့ ပြောကြားသော မိန့်ခွန်းအား စကောကရင် ပိုးကရင် မြန်မာ ဘာသာတို့ဖြင့် ဖတ်ကြားခြင်း အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သ၀န်လွှာများကို ဖတ်ကြားခြင်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ကိုယ်ရေးအထုပ္ပတိနှင့် ကရင်တော်လှန်ရေး လက်ရှိ အခြေအနေကို Video ဖြင့် ပြသသွားပါသည်။

ထိုနောက် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသူ ဧည်သည်တော်များတို့မှလည်း အာဇာနည်များအား ဂါရ၀ပြုပန်းများ ဆက်ကပ်ခြင်း၊ တာဝန်ရှိသူများတို့မှ (၆၂)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြ့ပီးသည့်နောက် အခမ်းအနားကို ညနေ ၄း၀၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ မိုင်းကျော်ဦး
မှတ်တမ်းဓါတ်ပုံ ။ မိုးမင်းသူ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....