Tuesday, July 10, 2012

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ နည်းဥပဒေများပြဌာန်း


ပြည်ထဲရေး ၀န်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊... ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ကြောင်းသိရသည်။

... ဥပဒေပုဒ်မ ၂၄ ၊ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အဆိုပါ နည်းဥပဒေများကိုထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများတွင် အခန်း ၄ ခန်း ဖော်ပြပါရှိပြီး အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်။ ခွင့်ပြုမိန့်လျှောက်ထားခြင်း။ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း နှင့် အထွေထွေ အခန်းတို့ဖြစ်ကြောင်း သိရသည်

အဆိုပါအခန်းများတွင် ဖော်ပြပါရှိချက်များအရ ငြိမ်းချမ်းစွာ စုဝေးခွင့်ကိုဖြစ်စေ၊ စီတန်း လှည့်လှည်ခွင့်ကိုဖြစ်စေ၊ ရရှိလိုသူသည် သက်ဆိုင်ရာပုံစံဖြင့် ဆောင်ရွက်လိုသည့် နေ့ရက်မတိုင်မီ ၅ ရက်ကြိုတင်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမည် ဖြစ်ကြောင်း၊ မြို့နယ် တစ်ခုထက် ကျော်လွန်ဆောင်ရွက်လိုပါက ဆောင်ရွက်လိုသော မြို့နယ်အားလုံး၏ သက်ဆိုင်ရာမြို့နယ်ရဲမှူးများထံ လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာမြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးများသို့အဆင့်ဆင့် တင်ပြပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ ဟု ဖော်ပြထားကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများကို ကျင်းပလျှက်ရှိသော လွှတ်တော်သို့ တက်ရောက်လျှက်ရှိသည့် ကိုယ်စားလှယ်များကို ပေးဝေထားပြီးဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။


 Copy from - Popular Myanmar News Journal

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....