Monday, July 9, 2012

ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးရှေ့မှာ ရခိုင်တိုင်းရင်းသား လူငယ်များ ဆန္ဒပြ တောင်းဆို


ဒီနေ့မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးရှေ့မှာ ရခိုင်တိုင်းရင်းသား လူငယ်များဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး Burma Campaign UK နဲ့ BBC အသံလွှင့်ဌာနတွေကို ရိုဟင်ဂျာတွေကို မြန်မာ တိုင်းရင်းသားအဖြစ် မှားယွင်းစွာ ဘက်လိုက် ဖေါ်ပြတဲ့ ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
 ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တွေနဲ့  အစ္စလာမ်ဘာသာဝင်တွေရဲ့ ပဋိပက္ခလို့ ပြည်ပ မီဒီယာအချို့ရဲ့ ရေးသား ဖေါ်ပြချက်တွေဟာ ဘာသာရေး အထိကရုဏ်းဖြစ်အောင် သွေးထိုးနေတာ ဖြစ်ပြီး အမှန်တကယ်က မြန်မာ တိုင်းရင်းသားရခိုင် တွေနဲ့ တရားမ၀င် ရောက်ရှိနေတဲ့ ရိုဟင်ဂျာ တွေရဲ့ ပဋိပက္ခသာ ဖြစ်ကြောင်းနဲ့ မီးရှို့အကြမ်းဖက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာဟာ ရိုဟင်ဂျာတွေသာ ဖြစ်တယ်လို့ ပြောကြပါတယ်။


လူစုခွဲဖို့တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေတောင် စိတ်ဝင်တစားနဲ့
ပိုစတာတွေဖတ်၊ပြောတာတွေနားထောင်နေလေရဲ့။

 အချိန် ၁၀ မိနစ်ခန့်သာ ဆန္ဒပြခွင့်ရပြီး လုံခြုံရေးတွေက လူစုခွဲပေးဖို့ ကောင်းမွန်စွာ မေတ္တာရင်ခံ ခဲ့တဲ့အတွက် ငြိမ်းချမ်းစွာ လူစုခွဲပေးခဲ့ကြပါတယ်။ ထူးခြားတာက နိုင်ငံခြားသား သတင်းထောက်တွေကပါ ရခိုင်လူငယ်တွေကို သိလိုတာတွေ မေးမြန်းသွားခြင်းပါ။

 ဗြိတိန်သံရုံး အရာရှိတွေကလည်း ဆန္ဒရှိမယ်ဆိုရင် ရခိုင်လူငယ်တွေကို သူတို့ သံရုံးထဲကို ဖိတ်ခေါ်ပါတယ် ဆိုတဲ့အကြောင်းနဲ့ လက်ကမ်းစာရွက်တွေပေးရင် လက်ခံယူပေးဖို့ကိုပါ သံရုံးဝန်ထမ်းတွေကို ညွှန်ကြား ထားတယ်လို့ သိရပါတယ်

Shwe Thanzin , facebook သတင်းမှ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....