Friday, July 6, 2012

ယနေ့မြစ်ကြီးနားမြို့မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲ။


‎"ကျမခင်ပွန်း ဦးဘရန်ရှောင်ကိုလွတ်ပေးပါ"
ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံ ကချင်ပြည်သူ လူထုများ အင်အား(၂၀၀၀)ခန့် မှ မြစ်ကြီးနားမြို့ တွင်း စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်နေရာ တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) မြစ်ကြီးနားမြို့ နှင့် ၀ိုင်းမော်မြို့ ပေါ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသော စစ်ဘေး ဒုက္ခသည်များ၏ လုံခြုံရေး ကိစ္စအ၀၀ အား လက်ရှိ မြန်မာအစိုးရ မှ လုံးဝ တာဝန်ယူပေးရန် ။

(၂) မတရားသဖြင့် ဖမ်းဆီးခံထားရသော ဦးဘရန်ရှောင်အား အမြန်ဆုံး ပြန်လည်လွတ်ပေးရန်။

(၃) စစ်ဘေး ဒုက္ခသည်များ၏ လူ့ အခွင့်အရေးများအား လေးစား လိုက်နာရန် ။

(၄) တရားမျှတမှု ကို လေးစားလိုက်နာ ကျင့်သုံးသွားရန် ။ တို့ ဖြစ်ကြောင်းသိရသည်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....