Saturday, July 7, 2012

7 July အခမ်းအနား ကျောက်ဆည်မှာကြိုတင်ကျင်းပ


ဇူလိုင်လ ၇ ရက်နေ့ ကျရောက်မယ့် နှစ်(၅၀) ပြည့် 7 July အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း ကျောက်ဆည် နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး ကျောက်ဆည်မြို့ ရေဦး ကျောင်းတိုက်မှာ ဇူလိုင်လ ၅ ရက်နေ့က အောင်းမေ့ဖွယ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ 
ဇူလိုင်လ ၇ ရက်နေ့ မရောက်ခင် ကြိုတင် ကျင်းပတာဖြစ်တဲ့ ဒီ 7 July အောင်းမေ့ဖွယ် အခမ်းအနားမှာ တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေက 7 July အရေးအခင်းမှာ ကျဆုံးခဲ့ကြတဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၁ မိနစ် ငြိမ်သက် စုတောင်း ခဲ့ကြသလို ဂုဏ်ပြု ကဗျာ ရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒါ့အပြင် ရေဦးကျောင်းတိုက်က သံဃာတော် အပါး (၃၀)ကို လည်း ဆွမ်းကပ် လှူဒါန်းပြီး ကျောင်းသားတွေ အတွက် ရေစက်ချ အမျှပေးဝေ တာတွေ ပြုလုပ်ခဲ့ပါ သေးတယ်။ ဒီအခမ်းအနားကို ကျောက်ဆည် မြို့မိမြို့ဖတွေ NLD အဖွဲ့ဝင်တွေ ကျောက်ဆည် နည်းပညာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ အပါအဝင် လူဦးရေ ၆၀ လောက် တက်ရောက် လာခဲ့ကြပါတယ်။ 

Copy from - BurmaVJMedia

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....