Friday, June 8, 2012

လက်ရှိ မောင်းတော အခြေအနေ

မောင်တောက ဒေါက်တာခင်မောင်လတ် ဇနီးမောင်နံကို သတ်လိုက်တယ်တဲ့
ဆေးရုံအုပ်ကြီးမိန်းမကိုလည်း သတ်လိုက်ပြီလို့ကြားပါတယ်
ရခိုင်ပြည်နယ်မောင်တောဒေသတွင်ဖြစ်ပေါ်နေသောအခြအနေအသေးစိတ်ကိုနိုင်ငံပိုင်မီဒီယာများမှတဆင့် မကြာမီကြေငြာပေးသွားမည်ဖြစ်ပြီး မီးရှို့ခံရသော ရခိုင်ရွာ (၁၄) ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံး ကာကွယ်မှု ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှသတင်းရရှိသည်။
မောင်တောမြို့ ရွာသစ်ရပ်ကွက်တွင် ရခိုင်လူမျိုးတစ်ဦး ဓါးနှင့်ခုတ်ခံရသဖြင့်သေဆုံးကြောင်း၊
ဒဏ်ရာရတဲ့သူများပြားကြောင်းသိရှိရသည်။ယခုအခါ မောင်တောမြို့ပေါ်တွင် ဘဂီါလီလူမျိုးဦးရေသည် ရခိုင်လူမျိုးဦးရေထက်များစွာရောက်ရှိနေကြောင်းသိရသည် ....
ထပ်မံသိရှိရသော သတင်းများအရ.... မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။

"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ
်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
သတင်းရင်းမြစ်....Eleven Media Group
 

1 comment:

  1. I have heard before , Who was sack to house in Burmese Rakhin state , Nobody hasn't that Villeage .

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....